Connect with us

Science & Technology

တရုတ်မှ ဆက်သွယ်ရေး ဂြိုဟ်တု အသစ် လွှင့်တင်

တရုတ်နိုင်ငံ ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ဘိုလီဗီးယား နိုင်ငံအတွက် ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံး အား ၂၀၁၃ ခုနှစ်တွင်း က လွှတ်တင်ခဲ့စဉ် (ဆင်ဟွာ)

ရှီးချန်း၊ နိုဝင်ဘာလ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အနောက်တောင်ပိုင်း ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေး ဂြိုဟ်တု အသစ် တစ်လုံးအား နိုဝင်ဘာလ ၄ ရက်နေ့ နံနက်တွင် ဂြိုဟ်ပတ်လမ်း အတွင်းသို့လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။

ChinaSat 2C အမည်ရှိ ဂြိုဟ်တု အား နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၂း၂၅ မိနစ်တွင် Long March-3B ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံပေါ်တွင် တင်ဆောင်ပြီး လွှတ်တင်နိုင်ခဲ့သည်။ ယင်းဂြိုဟ်တုက နိုင်ငံ၏ ရေဒီယိုစခန်း၊ တယ်လီဗေးရှင်း ခန်း၊ ရေဒီယို ထုတ်လွှင့်ရေး စခန်း နှင့် ကေဘယ် ကွန်ရက်များ အတွက် ရေဒီယိုများ၊ တယ်လီဗေးရှင်း လွှင့်တင်စက်များ၊ Broadband ဝန်ဆောင်မှုများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းဂြိုဟ်တုအား တရုတ် အာကာသ နည်းပညာ အကယ်ဒမီမှ တည်ဆောက်ခဲ့ပြီး တရုတ် ဂြိုလ်တု ဆက်သွယ်ရေး ကုမ္ပဏီမှ ပိုင်ဆိုင်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ရက်နေ့ လွှင်တင်မှုသည် တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် Long March ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ အမျုးိအစား ၏ ၂၁၆ ကြိမ်မြောက် လွှတ်တင်မှု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.