Connect with us

Science & Technology

တရုတ်သည် ကမ္ဘာ့အကြီးဆုံး သင်္ဘော မတင်သည့် စနစ်အား တရုတ်နိုင်ငံ ယန်စီမြစ်တွင် စတင် စမ်းသပ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူးပေ ပြည်နယ် ရှိ Three Gorges ရေကာတာတွင် ကမ္ဘာ့အကြီးဆုံး သင်္ဘော မတင်သည့် စနစ်အား တည်ဆောက်နေစဉ် (ဆင်ဟွာ)

ယိချန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး သင်္ဘော မတင်ခြင်း စနစ်အား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူးပေ ပြည်နယ် ရှိ Three Gorges ရေကာတာတွင် စတင် စမ်းသပ်ခဲ့ပြီး ဒီဇင်ဘာ လကုန်ပိုင်းလောက်တွင် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်ကြောင်း China Three Gorges ကော်ပိုရေးရှင်းမှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ ပြောကြားချက်အရ Three Gorges သင်္ဘော မတင်ခြင်း စနစ်သည် ကမ္ဘာပေါ်တွင် ခေတ်မီ ဆန်းပြားဆုံး ဖြစ်ကြောင်း သိရသည်။

ယင်း သင်္ဘော မတင်ခြင်းတွင် ဒေါင်လိုက် မတင်သည့် စနစ်ကို အသုံးပြု ထားပြီး တန် ၃,၀၀၀ လေးသည့် သင်္ဘောများကို မတင်နိုင်ရန် ပုံစံ ရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ကို အသုံးပြု နိုင်ခြင်းကြောင့် ခရီးသည်များနှင့် ကုန်တင် သင်္ဘော အငယ်စားများ ရေကာတာကို ဖြတ်သန်းသည့် အချိန်အား ၃ နာရီကျော်မှ တစ်နာရီအထိ လျှော့ချပေး နိုင်ကြောင်း သိရသည်။ (Xinhua)