Connect with us

Science & Technology

ကွမ်ကျိုး စက်ရုပ်ပြပွဲ တွင် လက်မ အရွယ် မောင်းသူမဲ့ ယာဉ်ငယ်များပြသ

ကွမ်ကျိုး စက်ရုပ်ပြပွဲတွင် ပြသထားသော မောင်းသူမဲ့ယာဉ်ငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး ၊ ဒီဇင်ဘာ (၇) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုးတွင် ဒီဇင်ဘာလ (၅)ရက်နေ့က တရုတ်(ကွမ်ကျိုး) အသိဉာဏ် ရှိသည့် စက်ကရိယာများ နှင့် စက်ရုပ်၂၀၁၅ ခုနှစ် ပြပွဲအား ကျင်းပခဲ့ကြောင်း သိရှိရသည်။

၄ ရက်တာ ကျင်းပသည့် အဆိုပါ ပြပွဲသည် ဆန်းသစ် တီထွင်မှုအား အဓိကထားပြီး 3D ပုံနှိပ်စက်များ၊ ကျောပိုးအိတ်ပျံများ၊ မောင်းသူမဲ့လေယာဉ် (drone) များ၊ စက်ရုပ်များ အစရှိသည့် အမျိုးမျိုးသော နယ်ပယ်များ၌ နောက်ဆုံးပေါ်နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုအား ပြသထားကြောင်း သိရသည်။ ၎င်းတို့ထဲ၌ မောင်းသူမဲ့ လေယာဉ်များသည် အဓိက စိတ်ဝင်စား ခြင်းခံရကြောင်း သိရှိရသည်။

အသေးဆုံး မောင်းသူမဲ့လေယာဉ်သည် လက်မ အရွယ် သာရှိပြီး အလေးချိန်အားဖြင့် ၁၀ဂရမ်သာ ရှိကြောင်း သိရသည်။ သို့သော် ၎င်း ယာဉ်ငယ်သည် လေထဲ၌ ကျွမ်းထိုးခြင်း၊ ဒေါင်လိုက် လှည့်ပတ်ခြင်း အစရှိသည့် ခက်ခဲ့သော လှုပ်ရှားမှုတို့ကို ပြုလုပ်နိုင်ကြောင်းသိရသည်။ ထို့အပြင် လက်ဖဝါး အရွယ် နှင့် အလေးချိန် ၂၀ ဂရမ် ရှိပြီး SD Card ထောက်ပံ့ပေးထားကာ pixels ၂သန်း ရှိသော ဒရုန်း လေယာဉ်ငယ်သည် သက်သက် သာသာ သုံးစွဲနိုင်မည့် အသေးဆုံး မောင်းသူမဲ့လေယာဉ် (drone) ဖြစ်လာနိုင်ကြောင်းသိရသည်။

Soundbite (Chinese) မှ ဒီဇိုင်း ဒါရိုက်တာ ချန်းရှီတုန်းက မီးလုံး ၊လျှပ်စစ်မော်တာ ၄လုံး၊ ကင်မရာ ၁လုံး၊ SD Card တစ်ခုထည့်ရန် အပေါက်တစ်ခု နှင့် ဆားကစ် ဘုတ် အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ပြီး သေးငယ်သော မောင်းသူမဲ့လေယာဉ် (drone) တစ်ခုတည်ဆောက်ရန်မှာ မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.