Connect with us

Science & Technology

စိန်ကျုံး-၁၁ အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာသည့် စိန်ကျုံး-၁၁ အာကာသယာဉ်ငယ်အား ဝေဟင်မှ တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

စိန်ကျုံး-၁၁ အာကာသယာဉ်မှ တရုတ်နိုင်ငံသား အာကာသယာဉ်မှူးများသည် အာကာသယာဉ်ငယ်ဖြင့် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း မြေပြင်အဖွဲ့များက သတင်းပေးပို့ခဲ့ပြီး ၎င်းတို့အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

စိန်ကျုံး-၁၁ အာကာသယာဉ် ၏ အပြန်အာကာသယာဉ်ငယ်အား တရုတ်နိုင်ငံ မြောက်ပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုဝင်ဘာ ၁၈ရက် ပေကျင်းစံတော်ချိန် နေ့လည် ၂း၀၇နာရီတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

စိန်ကျုံး-၁၁ အာကာသယာဉ်မှူးများသည် ကမ္ဘာမြေသို့ ပြန်လည်မရောက်ရှိလာခင် အာကာသဓါတ်ခွဲခန်းအတွင်း ၌ ရက်ပေါင်း ၃၀ နေထိုင်ခဲ့ကြောင်း သိရသည်။

စိန်ကျုံး-၁၁ အာကာသယာဉ်အား အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gobi သဲကန္တာရ မှ လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.