Connect with us

Science & Technology

တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တု လွှတ်တင်

ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4B ဒုံးပျံဖြင့် Ziyuan III 03 ဂြိုဟ်တုအား ဇူလိုင် ၂၅ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တုတစ်စင်းကို နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ လွှတ်တင်လိုက်ကြောင်း သိရသည်။ 

Ziyuan III 03 ဂြိုဟ်တုအား Long March-4B ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၁:၁၃ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လွှတ်တင်မှုသည် Long March စီးရီး၏ ၃၄၁ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ 

ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4B ဒုံးပျံဖြင့် Ziyuan III 03 ဂြိုဟ်တုအား ဇူလိုင် ၂၅ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4B ဒုံးပျံဖြင့် Ziyuan III 03 ဂြိုဟ်တုအား ဇူလိုင် ၂၅ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဒုံးပျံနှင့်အတူ ဂြိုဟ်တုနှစ်စင်းကိုလည်း သယ်ဆောင်သွားခဲ့ပြီး အလင်းရောင်မရှိသောအရာများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေစုဆောင်းခြင်းအတွက် အသီးသီးအသုံးပြုသွားမည် ဖြစ်သည်။ ၎င်းဂြိုဟ်တုများအား ရှန်ဟိုင်း ASES Spaceflight Technology ကုမ္ပဏီလီမိတက်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ 

စုစုပေါင်း ဂြိုဟ်တုသုံးစင်းသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းများအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း ထိုက်ယွမ်စင်တာရှိ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.