Connect with us

Science & Technology

တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အဓိကမြို့ကြီးများကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်း ဖွင့်


ရှီအန်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှီအန်းမြို့(Xi’an) နှင့် အနောက်တောင်ပိုင်း ချန်ဒူးမြို့(Chengdu) အကြားဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းကို ယနေ့(ဒီဇင်ဘာ ၅ ရက်) တွင်စတင် ပြေးဆွဲခဲ့ပြီး ၊ အဆိုပါမြန်နှုန်းမြင့်ရထားလမ်းသည် ၎င်းမြို့နှစ်မြို့အကြာ ခရီးအကွာအဝေးကြာချိန် ၁၁ နာရီကို ၄ နာရီဖြင့် ရောက်ရှိအောင် လျော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

ပထမဆုံးမြန်နှုန်းမြင့်ရထားသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanixi ပြည်နယ်မြို့တော် ရှီအန်းမြို့မှ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၂ မိနစ်တွင် စတင်ထွက်ခွာလာခဲ့ပြီး Sichuan ပြည်နယ်မြို့တော် ချန်ဒူးမြို့သို့မဆိုက်ရောက်မီ လမ်းခရီး၌ ၁၄ နေရာ ရပ်တံ့ခဲ့ကြောင်းသိရသည်။၎င်းရထားသည် တစ်နာရီ ၂၅ဝ ကီလိုမီတာ အထိ အရှိန်မြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပြီး ရှီအန်း နှင့် ချန်ဒူးမြို့နှစ်မြို့အကြား ခရီးအကွာအဝေးကြာချိန်ကို ၄ နာရီ ၇ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ခရီးအကွာအဝေးကြာချိန်ကို ၃ နာရီ ၂၇ မိနစ်ထိ လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှီအန်းမြို့နှင့် ချန်ဒူးမြို့အကြားပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီအန်းမြို့နှင့် ချန်ဒူးမြို့အကြားပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အရှည် ၆၅၈ ကီလိုမီတာရှိသော ရထားလမ်းပိုင်းအသစ်သည် တရုတ်နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်းအကြား သဘာဝ တံတိုင်းတစ်ခုအဖြစ် တည်ရှိနေသည့် Qinling တောင်တန်းများကို ဖြတ်၍ ပြေးဆွဲပေးမည့် တရုတ်နိုင်ငံ၏ ပထမဆုံး ရထားလမ်းပိုင်းတစ်ခုဖြစ်သည်။ Qinling တောင်တန်းများသည် တောင်တက်တောင်ဆင်း အနိုမ့်အမြင့်များ နှင့် အန္တရာယ်များသော တောင်တက်လမ်းများကြောင့် ရှေးယခင်က သဘာဝ အတားအဆီးတစ်ခုအဖြစ် ထင်ရှားကျော်ကြားသည်။

တရုတ်နိုင်ငံ ရှီအန်းမြို့နှင့် ချန်ဒူးမြို့အကြားပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီအန်းမြို့နှင့် ချန်ဒူးမြို့အကြားပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့ကြောင့် ရှီအန်း – ချန်ဒူး ရထားလမ်းပေါ်တွင် လိုဏ်ခေါင်းများစွာ နှင့် တံတားများစွာကို ဖောက်လုပ်တည်ဆောက်ထားရသည်။ ၎င်းတို့အနက် အလျား ၁၆ ကီလိုမီတာ အရှည်ရှိသော ရထားသံလမ်းဒွေးလမ်းပါဝင်သည့် ဥမင်လိုဏ်ခေါင်းတစ်ခုလည်း ပါဝင်သည်။ အဆိုပါ ဥမင်လိုဏ်ခေါင်းသည် အာရှတိုက်၏ အရှည်လျားဆုံး ဥမင်တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်နှုန်းမြင့်ရထားလမ်းကြောင့် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တိုးတက်လာနိုင်ကြောင်း နှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်နေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.