Connect with us

Science & Technology

တရုတ်၏ ပထမဆုံး ကားပါကင် ညွှန်ပြသည့် စက်ရုပ် အောက်တိုဘာလတွင် အသုံးပြုနိုင်ပြီ

AVG ရွေ့လျား ပါကင် စက်ရုပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရှန်းကျန့်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကားရပ်နားရန် နေရာများအား ပြသပေးမည့် တရုတ်နိုင်ငံ၏ ပထမဆုံး လမ်းညွှန် စက်ရုပ် (Automated Guided Vehicle (AVG) အား နန်ကျင်းမြို့၌ အောက်တိုဘာလကုန်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ စက်ရုပ် တီထွင်သူက ဇူလိုင်လ ၁၇ ရက်က ပြောသည်။

လေဆာဖြင့် ညွှန်ပြမည့် AVG စက်ရုပ်က ကားတစ်စီးကို နှစ်မိနစ်အတွင်း ကားရပ်နားရန် နေရာသို့ ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ရှန်းကျန့် အခြေစိုက် Yeefung Automation Technology ကုမ္ပဏီ လိမိတက် တာဝန်ရှိ သူက ပြောသည်။

ယာဉ်မောင်းများအနေဖြင့် ၎င်းတို့၏ ကားများကို စက်ရုပ်ရှိရာ ရွှေ့ပြောင်းနိုင်သည့် ပလက်ဖောင်းပေါ်သို့ ထားရှိရမည် ဖြစ်ပြီး စက်ရုပ်ကတဆင့် လစ်လပ်သည့် ပါကင်နေရာသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

Yeefung ၏ အထွေထွေမန်နေဂျာ ဝူဟောင်က ကမ္ဘာ့တစ်ဝန်းရှိ မြို့ကြီးများ၏ အကန့်အသတ်ဖြစ်နေသော ကားပါကင်အတွက် ယခုလို စက်ရုပ်အား တီထွင်ထုတ်လုပ်ရခြင်း ဖြစ်ကြောင်း ယင်း စက်ရုပ်သည် အတွေ့အကြုံရှိ ယာဉ်မောင်းတစ်ဦး မောင်းနှင်သည့်အလား ကူညီပေးမည် ဖြစ်ကြောင်း၊ AVG စက်ရုပ်များတွင် ယာဉ်ရပ်နားနိုင် သည့် ပါကင်နေရာ ၂၀ မှ ၄၀ ရာခိုင်နှုန်းဝန်းကျင် ပြသပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စက်ရုပ် တစ်ရုပ်အတွက် အပို ကုန်ကျငွေ ယွမ် ၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၄၆၈ ) ပေးရမည် ဖြစ်သော်လည်း ထိရောက်သည့် အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လမ်းများပေါ်၌ ယာဉ်စီးရေ ၁၇၂ သန်းခန့် သွားလာလျက်ရှိကြောင်း၊ နှစ်စဉ် ကားစီးရေ ၁၉ သန်းခန့် တိုးတက်လာခြင်းဖြင့် တွက်ချက်ပါက ၂၀၂၀ ခုနှစ်တွင် ကားစီးရေ သန်း ၂၅၀ ရှိလာနိုင်မည် ဖြစ်သည်။

ကွမ်ကျိုး ယာဉ်ရပ်နားခြင်း အသင်း လက်ထောက်ညွှန်ကြားရေးမှူး ပန် ကွေ့ဖန်က ခေတ်မီ ပါကင် နည်းပညာ စနစ်က မြို့များ၏ ကားပါကင် ရှားပါးမှု အဖြေရှာမှုကို ထိရောက်စွာ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြ စီမံကိန်းတွင် ကားပါကင်နေရာကို အဓိက စဉ်းစားသင့်ကြောင်းနှင့် မြို့ပြ ဧရိယာများ၌ ကားပါကင်အများအပြား ပါဝင်သည့် အဆောက်အအုံများ ပိုမို တည်ဆောက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.