Connect with us

Science & Technology

ခြောက်ခုမြောက် ယန်စီမြစ်ကူး တံတား ကမ္ဘာပေါ်ရှိ ၎င်းနှင့် အမျိုးအစားတူ တံတားများအနက် ဒုတိယမြောက် အရှည်ဆုံး ဖြစ်လာ

ကျီးရှီး ယန်စီ မြစ်ကူး ကြိုးတံတား တည်ဆောက်ဆဲ အခြေအနေအား တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝူဟန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ် တစ်စင်းဖြစ်သည့် ယန်စီမြစ်အပေါ် ဖြတ်သန်း ဆောက်လုပ်ထားသည့် ကျီးရှီး ယန်စီ မြစ်ကူး တံတားအား ယီချန်မြို့တွင် ဇူလိုင်လ ၁၈ ရက် က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အရှည် ၈၃၈ မီတာ ရှိသည့် အဆိုပါ တံတားသည် အောက်ခြေတိုင်များ မပါဘဲ သံမဏိ နှင့် ကွန်ကရစ် ပေါင်းစပ် တည်ဆောက်ထားသည့် ကြိုးတံတား တစ်ခုဖြစ်ကာ ကမ္ဘာပေါ်ရှိ ၎င်းနှင့် အမျိုးအစားတူ တံတားများ အနက် ဒုတိယမြောက် အရှည်ဆုံး ဖြစ်ကြောင်း သိရသည်။
တံတား တည်ဆောက်ရေး စီမံကိန်းအတွက် တရုတ်ယွမ် ၂.၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၁၈ သန်း) ကုန်ကျခဲ့ပြီး တရုတ်နိုင်ငံ ဟူပေးပြည်နယ် အလယ်ပိုင်း ယီချန်မြို့ရှိ ခြောက်စင်းမြောက် ယန်စီ မြစ်ကူး တံတား ဖြစ်လာကြောင်း သိရသည်။
China Railway Major Bridge Engineering Group Co. Ltd ၏ ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး Feng Yi က တံတားအား အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် နည်းပညာသစ်များကို အသုံးပြုထားကြောင်း၊ တံတားအောက်ခြေတိုင် မပါသည့် ပုံစံသည် မြစ်ကြောင်းနှင့် ရေစီးရေလာ သွားလာမှုကို အဆင်ပြေ ချော့မွေ့စေပြီး ရှားပါး ရေသတ္တဝါ မျိုးစိတ်များ ရွှေ့ပြောင်းနေထိုင်မှု ပုံစံကို မပျက်စီးစေကြောင်း ပြောကြားခဲ့သည်။
တံတားသည် မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ပါးစေမည်ဟု မျှော်လင့်ရပြီး လက်ရှိတွင် ယီချန်မြို့ ၌ ယန်စီမြစ်အား ဖြတ်ကျော် တည်ဆောက်ထားရန် စီစဉ်ဆဲနှင့် ဆောက်လုပ်ဆဲ တံတား လေးစင်း ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.