Science & Technology
တရုတ်၏ ၂၃ ကြိမ်မြောက် ပေတော် လမ်းကြောင်းပြ ဂြိုလ်တုလွှတ်တင်

ရှီချန်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၎င်း၏ ကမ္ဘာ့လမ်းကြောင်း နှင့် တည်နေရာပြ ကွန်ရက်အား ထောက်ပံ့ပေးနိုင်ရန် အတွက် ဂြိုလ်တု တစ်လုံးအား ဇွန်လ ၁၂ ရက် ည ၁၁း၃၀ နာရီ တွင် လွှတ်တင်ခဲ့သည်။
အဆိုပါ ဂြိုလ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိရှီချန်း ဂြိုလ်တု လွှတ်တင်ရေး စင်တာ မှ ပစ်လွှတ်ခဲ့ကာ ယင်း ဂြိုလ်တုအား ဂြိုလ်ပတ်လမ်းကြောင်းအတွင်း ရောက်ရှိရန် Long March-3C ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံဖြင့် တင်ဆောင်သွားခဲ့ကြောင်း သိရသည်။ ၎င်းသည် ပေတော် လမ်းကြောင်းပြ ဂြိုလ်တု စနစ် (BDS) ၏ ၂၃ ခုမြောက် ဂြိုလ်တု တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ ၏ GPS စနစ်အား ယှဉ်ပြိုင်နိုင်ရန် ထုတ်လုပ် ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခု လွှတ်တင်ခြင်းသည် Long March ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံ၏ ၂၂၉ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။
ယင်းဂြိုလ်တုသည် ၎င်း၏ သတ်မှတ် ပတ်လမ်းအတွင်း ဝင်ရောက်၍ စမ်းသပ် လည်ပတ်မှု ပြီးဆုံးပါက ပတ်လမ်းအတွင်း ရှိ အခြား ရှိပြီးသား ဂြိုလ်တုများနှင့် ချိတ်ဆက်ကာ စနစ် တည်ငြိမ်မှု ကို ပိုမို တိုးတက်စေပြီး BDS စနစ်အား တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်အောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)