Connect with us

Science & Technology

၂ဝ၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒရုန်းလေယာဉ် ရောင်းရငွေသည် ဒေါ်လာ ၁၁ ဘီလီယံထိ ရှိလာမည်

တရုတ်နိုင်ငံထုတ် ဒရုန်း လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လာမည့် ၂ဝ၂၅ ခုနှစ်တွင် ဒရုန်းလေယာဉ် ထုတ်လုပ်ရောင်းချမှု ဈေးကွက်တန်ဖိုးသည် တရုတ် ယွမ် ၇၅ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၁.၅၄ ဘီလီယံ) ထိ ရောက်ရှိဖွယ်ရှိကြောင်း iResearch သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

၂ဝ၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒရုန်းလေယာဉ်များကို ကောင်းကင် ဓာတ်ပုံရိုက်ကူးခြင်း ၊ စိုက်ခင်းများတွင် ဓာတုဆေးဝါး ဖြန်းပက်ခြင်း နှင့် သစ်တော ကာကွယ်ရေး အစီအစဉ်များတွင် လုံခြုံရေး ဝန်ဆောင်မှုပေးခြင်း များကို လုပ်ဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း သုတေသန စာတမ်းတွင် ရေးသားထားသည်။
လွန်ခဲ့သော နှစ်များတွင် တရုတ်နိုင်ငံအတွင်း ဒရုန်းလေယာဉ် အသုံးပြုသည့် အရပ်သား ဦးရေသည် ၅ဝ ရာခိုင်နှုန်းကျော် အထိ ရှိလာခဲ့ကြောင်း နှင့် ဒရုန်းထုတ်လုပ်မှု ပမာဏသည်လည်း တိုးတက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွမ်ဇီ (Shenzhen) အခြေစိုက် ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေးသုံး ဒရုန်းလေယာဉ် စီးပွားဖြစ် ထုတ်လုပ် ရောင်းချသည့် DJI ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းဒရုန်း လေယာဉ် ထုတ်လုပ်ရောင်းချမှု ဈေးကွက်၏ ၇ဝ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားကြောင်း ၊ ဥရောပနှင့် မြောက်အမေရိက တိုက်များတွင် ဖောက်သည် အများဆုံး ပိုင်ဆိုင်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် လေယာဉ်အနိမ့် ပျံသန်းရေးဇုံ သတ်မှတ်ချက်၏ ပြီးပြည့်စုံခြင်း မရှိသော စည်းမျဉ်း စည်းကမ်းများ နှင့် ဒရုန်းအသုံးပြုခွင့် နေရာနည်းပါးခြင်း တို့သည် ဒရုန်းလေယာဉ်ပျံ ထုတ်လုပ်သူများအတွက် စိန်ခေါ်ချက်များနှင့် မရေရာသော အကြောင်းတရားများစွာလည်း ဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် ဒရုန်းလေယာဉ် သုံးစွဲမှုအပေါ် ပိုမို ယုံကြည်အားထား လာစေရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများလည်း ပြုလုပ်ရန် လိုအပ်နေကြောင်း ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.