Science & Technology
တရုတ် ကျည်ဆန်ရထား တစ်နာရီတွင် ၄၂၀ ကီလိုမီတာ နှုန်းဖြင့် စံချိန်တင် ပြေးဆွဲ
ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကျည်ဆန်ရထား နှစ်စင်းသည် ကမ္ဘာ့စံချိန်တင် အမြန်နှုန်းဖြင့် ဇူလိုင်လ ၁၅ ရက်တွင် တစ်စင်းနှင့် တစ်စင်း ဆန့်ကျင်ဖက် လမ်းကြောင်းမှ မျဉ်းပြိုင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံ မြန်နှုန်းမြင့် ရထားလမ်း၏ နောက်ဆုံးပေါ် စွမ်းဆောင်ချက်တစ်ခု ဖြစ်လာကြောင်း သိရသည်။
“ရွှေဇာမဏီ” နှင့် “လင်းပိုင်ပြာ” အမည်ရှိ ကျည်ဆန်ရထား နှစ်စီးသည် ဒေသစံတော်ချိန် နံနက် ၁၁း၂၀ နာရီတွင် ဟဲနန်ပြည်နယ် အလယ်ပိုင်း ကျန့်ကျိုးမြို့ နှင့် ကျောင်းစုပြည်နယ် အရှေ့ပိုင်း ရွှီကျိုးမြို့ကြား ဆက်သွယ်ထားသည့် ရထားလမ်းပေါ်၌ တစ်နာရီတွင် ၄၂၀ ကီလိုမီတာ နှုန်းဖြင့် ဖြတ်သန်း ပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ အရှိန်နှုန်းဖြင့် မောင်းနှင်နိုင်ခြင်းသည် မြန်နှုန်းမြင့် မောင်းနှင်နေသည့် အမြန်ရထားများ အနက် ကမ္ဘာ့ပထမဆုံး ဖြစ်လာကြောင်း တရုတ်နိုင်ငံ ရထားလမ်း ကော်ပိုရေးရှင်း၏ နည်းပညာ စီမံခန့်ခွဲမှု ဋ္ဌာန ခေါင်းဆောင် Zhou Li က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
Zhou က ပြည်တွင်းဖြစ် ရထားများကိုသာ အသုံးပြု၍ ယင်းကဲ့သို့ အောင်မြင်စွာ မောင်းနှင်နိုင်မှုသည် တရုတ်အနေဖြင့် မြန်နှုန်းမြင့် ရထားများဆိုင်ရာ နည်းပညာရပ်ကို ပိုင်နိုင်စွာ အသုံးချနိုင်ကြောင်း ပြသမှု တစ်ခု ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)