Connect with us

Science & Technology

တရုတ်၏ အာကာသ ခြေရာခံသင်္ဘော လုပ်ငန်းများ စတင်လုပ်ဆောင်

တရုတ်နိုင်ငံ၏ မျိုးဆက်သစ် အာကာသ ခြေရာခံသင်္ဘော ယွမ်ဝမ်-၇ အားတွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မျိုးဆက်သစ် အာကာသ ခြေရာခံ သင်္ဘောဖြစ်သည့် ယွမ်ဝမ်-၇ သည် ရက် ၆၀ ကြာ စမ်းသပ် မောင်းနှင်ပြီးနောက် လူလိုက်ပါသည့် အာကာသယာဉ် ရှန်ကျိုး-၁၁ နှင့် အခြား အာကာသ တာဝန်များအား ရေကြောင်းအရ ခြေရာခံခြင်း ကို ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောအား တရုတ်နိုင်ငံမှ ပုံစံရေးဆွဲခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် အာကာသ ခြေရာခံ နည်းပညာ၏ အမှတ်အသား တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ကျန်းနန် သင်္ဘောကျင်း ကုမ္ပဏီမှ သင်္ဘော တည်ဆောက်မှုအား စတင် ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်္ဘောသည် အရှည် ၂၂၀ မီတာနှင့် အမြင့် ၄၀ မီတာရှိကာ အလေးချိန် အားဖြင့် တန်ချိန် ၂၅,၀၀၀ ရှိကြောင်း သိရသည်။ တိုင်ဖုန်း မုန်တိုင်းများ ဒဏ်ကို ခံနိုင်ရည်ရှိပြီး ရက် ၁၀၀ စာ အထောက်အပံ့ ပစ္စည်းများ သယ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တရုတ်နိုင်ငံသည် ယွမ်ဝမ် အာကာသ ခြေရာခံ သင်္ဘော ၇ စီး ထုတ်လုပ်ခဲ့ပြီး ၎င်းသင်္ဘောများသည် လေ့လာရေး ခရီးစဉ် ၇၀ ခန့် ပြုလုပ်ခဲ့ကာ ပစိဖိတ်၊ အတ္တလန္တိတ်နှင့် အိန္ဒိယ သမုဒ္ဒရာများတွင် ရေမိုင် ၁.၅ သန်းကျော် ခရီးလှည့်လည် သွားလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပထမ မျိုးဆက် အာကာသ ခြေရာခံ သင်္ဘောများ ဖြစ်သည့် ယွမ်ဝမ်-၁ နှင့် ယွမ်ဝမ်-၂ တို့အား ၁၉၇၉ ခုနှစ်တွင် စတင် ရေချခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် ပြင်သစ်နိုင်ငံတို့ ပြီးလျှင် အာကာသ ခြေရာခံ နည်းပညာ စနစ်ကို အသုံးပြုနိုင်သည့် လေးခုမြောက်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.