Science & Technology
တရုတ် အလယ်ပိုင်း သီးသန့်ကြိုးဝိုင်းများအတွင်း ရွှေရောင်မျောက် အရေအတွက် နှစ်ဆ တိုးမြင့်လာ
ဝူဟန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် Shennongjia အမျိုးသား သဘာဝ ကြိုးဝိုင်းရှိ ရွှေရောင် မျောက် အရေအတွက်သည် ၁၉၉၀ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာပြီး ကောင်ရေ ၁၃၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်များက သြဂုတ်လ ၂၄ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ကြိုးဝိုင်းသည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့် တိရစ္ဆာန်မျိုးစိပ်များ စာရင်းကောက်ယူမှု လုပ်ငန်းအား ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စတင် လုပ်ကိုင်ခဲ့သည်။
ယခုလို အရေအတွက် တိုးမြင့်လာသည့်နောက် တိရစ္ဆာန်များသည် ကြိုးဝိုင်းပြင်ပရှိ ဘန်တုံနှင့် ရှင်းရှန်း နယ်မြေ များသို့ စတင်နေထိုင်ခဲ့ကြကြောင်း ယင်း ကြိုးဝိုင်း သုတေသန တက္ကသိုလ် ညွှန်ကြားရေးမှူး ယန် ကျင်းယွမ်က ပြောသည်။
၁၉၉၀ ခုနှစ်က ပထမဆုံး စာရင်းကောက်ယူမှုအရ အဆိုပါ Shennongjia ကြိုးဝိုင်းတွင် ရွှေရောင်မျောက် ကောင်ရေ ၅၀၁ ကောင်ရှိကြောင်း ယန်က ပြောသည်။
Shennongjia ရှိမျောက်များသည် နှာခေါင်းနောက်လန်သည့် ရွှေရောင်မျောက်များ ဖြစ်ပြီး ရွှေရောင်မျောက် မျိုးစိပ်ဝင် ငါးမျိုးရှိသည့်အနက် တစ်မျိုး အပါအဝင် ဖြစ်သည်။ အများအားဖြင့် ၎င်းတို့သည် စီချွမ်ပြည်နယ် အနောက်မြောက်ပိုင်း၊ ရှန်ဇီးနှင့် ဂန်စု ပြည်နယ်များ၏ အနောက်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ Shennongjia ပြည်နယ် အလယ်ပိုင်းတွင် နေထိုင်လေ့ရှိသည်။ အဆိုပါ ရွှေရောင် မျောက်များသည် အန္တရာယ် အရှိနိုင်ဆုံးနှင့် ကာကွယ်ရန် ပထမဦးဆုံး လိုအပ်သည့် သတ္တဝါများ ဖြစ်ကြောင်း သိရသည်။
ဟူဘေးပြည်နယ် အနောက်မြောက်ပိုင်းရှိ Shennongjia ကြိုးဝိုင်းသည် သဘာဝ သစ်တော ရင်းမြစ်နှင့် တိရစ္ဆာန် မျိုးစိပ်ပေါင်း မြောက်မြားစွာ ကြွယ်ဝသည့် နေရာ တစ်ခု ဖြစ်သည်။ ယင်းနေရာအား တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်တွင် ကျင်းပသည့် အကြိမ် ၄၀ မြောက် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကော်မတီမှ ကမ္ဘာ့ သဘာဝ အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။ (Xinhua)