Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ မြေအောက်ရထားလမ်း ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုမည်

မြေအောက် ရထား စီးမည့် ခရီးသည် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ပေကျင်းမြို့ အနောက်တောင်ဘက်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော မောင်းသူမဲ့ မြေအောက်ရထားလမ်း Yanfang လမ်းပိုင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်မည် ဖြစ်ကြောင်း People’s Daily သတင်းစာက သြဂုတ်လ ၂၉ ရက်က တင်ပြထားသည်။

အဆိုပါ ရထားလမ်းသည် ရထား ထွက်ခွာခြင်း၊ တံခါး အဖွင့် အပိတ်နှင့် သန့်ရှင်းရေး စသည်တို့ အပါအဝင် စနစ်များအားလုံး လုံးလုံးလျားလျား အလိုအလျောက်စနစ် ဖြစ်သည်။ ပြေးဆွဲမည့် ရထားများတွင် ပြည်တွင်း နည်းပညာကိုသာ အသုံးပြုမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ကိုယ်ပိုင် လုံးလုံးလျားလျား အလိုအလျောက် စနစ်အား ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး Core နည်းပညာအား သုံးစွဲထားခြင်း ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
မြေအောက် ရထားလမ်းပိုင်း ၃, ၁၂, ၁၇, ၁၉ နှင့် လေဆိပ်အသစ် တစ်ခုတို့သည်လည်း လုပ်ဆောင်ရန် စီစဉ် နေဆဲ ဖြစ်ပြီး ၎င်းတို့အားလုံးလည်း လုံးလုံးလျားလျား အလိုအလျောက် စနစ်ဖြင့် လည်ပတ်မည် ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ပေကျင်းရှိ အလိုအလျောက် မြေအောက် ရထားလမ်းအရှည်သည် ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်းဖြစ် စနစ်များ ဖွံ့ဖြိုးခြင်းနှင့် အသုံးပြုခြင်းသည် “Made in China 2025” ၏ ပဏာမ ခြေလှမ်း အစိတ် အပိုင်း တစ်ခုဖြစ်ပြီး တရုတ် စက်မှုလုပ်ငန်းအား ကျယ်ပြန့်စွာ အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.