Science & Technology
တိဘက် နှင့် ချင်းဟိုင်ကို ဆက်သွယ်ထားသည့် ကမ္ဘာ့အမြင့်ဆုံး နှင့် အရှည်ဆုံး ကုန်းမြင့်ရထားလမ်း ဖွင့်လှစ်ခြင်း ဇူလိုင်လ ၁ ရက်တွင် ၁၀ နှစ်ပြည့်
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှိ မြောက်ပိုင်း တိဘက် မြက်ခင်းပြင်ကို ဖြတ်ကျော်၍ ချင်းဟိုင် ပြည်နယ်ကို ဆက်သွယ်ထားသော ကုန်းမြင့်ရထားလမ်းသည် ၁,၉၅၆ ကီလိုမီတာ ရှည်လျားပြီး ကမ္ဘာ့အမြင့်ဆုံး နှင့် အရှည်ဆုံး ကုန်းမြင့်ရထားလမ်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ရထားလမ်းအား ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် စတင် ပြေးဆွဲမှု များ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ဖွင့်လှစ်ခြင်း ၁၀ နှစ် ပြည့်ပြီး ဖြစ်ကြောင်း နှင့် ၎င်းသည် တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအား တရုတ်နိုင်ငံရှိ အခြား ပြည်နယ်များနှင့် ဆက်သွယ်ပေးထားသည့် ပထမဆုံး ရထားလမ်း ဖြစ်ကြောင်း သိရသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရန် ရထားတည်ဆောက်နေစဉ် အတွင်းနှင့် တည်ဆောက်ပြီး ကာလများတွင်လည်း သဘာဝ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေး တိုင်းတာချက်များကို အမြဲမပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)