Connect with us

Science & Technology

ကမ္ဘာ့အကြီးဆုံး ရေဒီယို အဝေးကြည့်မှန်ပြောင်း တပ်ဆင်မှု အလုံးစုံပြီးစီး

ကမ္ဘာ့အကြီးဆုံး ရေဒီယို အဝေးကြည့်မှန်ပြောင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဂူရန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ တပ်ဆင်နေသော အကွက်ပေါင်း ၄၄၅ဝ ကွက်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်း၏ နောက်ဆုံးအပြီးသတ်အကွက် တပ်ဆင်ခြင်းကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နှင့် မှန်ပြောင်း လှုပ်ရှားဆောင်ရွက်မှုများကို စက်တင်ဘာလတွင် စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တြိဂံပုံစံ ရောင်ပြန်ကွက်ဖန်တီးထားပြီး ဘောလုံးကွင်း ၃ဝ ကွင်းအရွယ်အစားရှိ အဆိုပါ မှန်ပြောင်း နောက်ဆုံးအစိတ်အပိုင်းတပ်ဆင်ခြင်းကို ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီ ၄၇ မိနစ်တွင် စတင်ခဲ့ပြီး အချိန် တစ်နာရီခွဲကျော်ကြာမြင့်ခဲ့ကြောင်းသိရသည်။
မှန်ပြောင်းအပြီးသတ်တပ်ဆင်ခြင်းလုပ်ငန်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ် Pingtang နည်းပညာရွာ၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ထမ်းများ ၊ ကျွမ်းကျင်ပညာရှင်များ ၊ သိပ္ပံပညာရှင်များ နှင့် သတင်းမီဒီယာများ စုစုပေါင်း လူအင်အား ၃ဝဝ ကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.