Connect with us

Science & Technology

နိုင်ငံပေါင်း ၁၅၈ နိုင်ငံနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တရုတ် တည်ထောင်

တရုတ်နိုင်ငံတွင် ပြုလုပ်သော သိပ္ပံနှင့် နည်းပညာပြပွဲ တစ်ခု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅၈ ခုနှင့်အတူ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းမှု ဆက်ဆံရေး တည်ထောင်ခဲ့ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဋ္ဌာနက ဇန်နဝါရီလ ၁၃ ရက်က ပြောကြားလိုက်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် အစိုးရ အချင်းချင်း သဘောတူညီချက်ပေါင်း ၁၁၁ ခုကို လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ယင်းသို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပါဝင် လုပ်ဆောင်နေကြောင်း ဝန်ကြီးဋ္ဌာနက ပြောသည်။

အဓိက နိုင်ငံများ၊ ဒေသများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည့် အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းက သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွင် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်နိုင်စွမ်းအား တိုးတက်စေရန် ပုံဖော်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ပေးမည် ဖြစ်သည်။ (Xinhua)