Connect with us

Science & Technology

နျူကလီးယား စီမံကိန်း ရှေ့ပြေးတည်ဆောက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း တွင် တည်ဆောက်နေသည့် ဟွာလုံ-ဝမ်း နည်းပညာသုံး နျူကလီးယား ယူနစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ ဒီဇင်ဘာလ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မှ ပုံစံထုတ်လုပ်ထားသော ဓါတ်ပေါင်းဖို အသုံးပြုထားသည့် နျူကလီးယား စီမံကိန်း ၏ရှေ့ပြေး တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ဒုတိယမြောက် ယူနစ်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း ၌ စတင် ဆောက် လုပ် နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ယူနစ်အား တရုတ်နိုင်ငံ ၏ နျူကလီးယား စွမ်းအင်လုပ်ငန်းကြီးများဖြစ်သော China General Nuclear Power Group နှင့် China National Nuclear Corp.(CNNC) တို့မှ ပုံစံရေးဆွဲထားသည့် ဟွာလုံ-ဝမ်း နည်းပညာကို အသုံးပြု၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရသည် CNNC ဖုကျင်း ဋ္ဌာနခွဲ အား နျူကလီးယား ယူနစ် ၆ခုတည်ဆောက်ရန် အတည်ပြုပေးခဲ့ပြီး ယူနစ် ၅ နှင့် ယူနစ် ၆တို့သည် ဟွာလုံ-ဝမ်း နည်းပညာအသုံးပြု နျူကလီးယား စီမံကိန်း၏ ရှေ့ပြေး ယူနစ်များ ဖြစ်ကာ ယူနစ် ၅ အား မေလတွင် စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးယူနစ်သည် ဆောက်လုပ်ပြီးစီးရန်အတွက် အချိန် ၆၂ လ ကြာမြင့်မည်ဖြစ်ကြောင်း CNNC ဖုကျင်း ဌာနခွဲ မှ ပြောကြားခဲ့သည်။

ဟွာလုံ-ဝမ်း အသုံးပြု အခြား ရှေ့ပြေးစီမံကိန်းတစ်ခုကို လည်း ဒီဇင်ဘာလ နှောင်းပိုင်း၌ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဖန်းချန်းဒေါင် မြို့တွင် စတင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် ၂၀၂၀ ပြည့်နှစ်တွင် နျူကလီးယား စွမ်းအင် မှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၅၈ သန်း ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.