Connect with us

Science & Technology

တရုတ်နိုင်ငံတွင် လျှပ်စစ်ကား ထုတ်လုပ်ခွင့် ဒေါ်လာ ၁၂ ဘီလီယံ စာချုပ်ချုပ်ဆို

တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများကို အားသွင်းနေစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် စီးပွားရေး လုပ်ငန်း တစ်ခုက တရုတ်နိုင်ငံပိုင် ဆွီဒင် မော်တော်ယာဉ် ကုမ္ပဏီ တစ်ခုနှင့် ယွမ် ၇၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ) တန်ဖိုးရှိ ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုလိုက် ကြောင်း National Modern Energy Holdings (NMEH) က ဒီဇင်ဘာလ ၂၁ ရက်က ပြောသည်။

NMEH ဆိုသည်မှာ တရုတ်နှင့် ဆွီဒင်နိုင်ငံတို့ ပူးတွဲ တည်ထောင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ တစ်ခုဖြစ် သည်။ ရင်းနှီးမြှုပ်နှံမည့် ဆွီဒင်ကုမ္ပဏီ ဖြစ်သော National Electric Vehicle Sweden (NEVS) က ၂၀၂၀ ခုနှစ် အကုန်၌ လျှပ်စစ် ကား ၁၅၀,၀၀၀ ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီမှုတွင် လျှပ်စစ်ကား စီးရေ ၁၀၀,၀၀၀ ထုတ်လုပ်ခွင့်နှင့် ဝန်ဆောင်မှုများ ပါဝင်သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများပိုင် ဖြစ်သော NEVS သည် ဆွီဒင်ကားထုတ်လုပ်သူ Saab ဒေဝါလီခံပြီးနောက် Saab ၏ပိုင်ဆိုင်မှုနှင့် နည်းပညာများအား လွှဲပြောင်းယူခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း စည်ပင်သာယာရေး ပိုင်နက်အတွင်း တည်ရှိသည့် NMEH သည် NEVS အား ထောက်ပံ့၍ ဘရိတ် ဓားသွားနှင့် လျှပ်စစ်ကား အမျိုးမျိုး တိုးချဲ့လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြောင်း NMEH ၏ အထွေထွေမန်နေဂျာ Peng Jinchun ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.