Connect with us

Science & Technology

ယန်ဇီမြစ်ကူး တံတားသစ် တည်ဆောက်ရန် မြေပြင် ပြုပြင်ခြင်း စတင်

ယန်ဇီမြစ်ကူး တံတား တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ယန်ဇီမြစ်ပေါ်၌ တံတားသစ် တစ်စင်း တည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားသစ်သည် ယင်း ပြည်နယ်နှင့် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသသို့ ချိတ်ဆက်မည့် ပို့ဆောင်ဆက်သွယ်ရေးအတွက် များစွာ အသုံးဝင်မည် ဖြစ်သည်။
၂၂၁၆ မီတာ ရှည်လျားမည့် အဆိုပါ တံတားသည် ယန်ဇီမြစ်ဖြတ်ကူး တည်ဆောက်ထားသည့် ၈ စင်းမြောက် တံတား ဖြစ်သည်။ တည်ဆောက်ချိန် လေးနှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး အနည်းဆုံး ယွမ် ၃.၃၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၀၇ သန်း) ကုန်ကျမည် ဖြစ်သည်။ အဆိုပါ တံတားအား အသွားအပြန် ကားလမ်း စုစုပေါင်း ၆ လမ်း သွားလာနိုင်ရန် ဒီဇိုင်းရေးဆွဲထားပြီး တစ်နာရီလျှင် မြန်နှုန်း ၁၀၀ ကီလိုမီတာ အထိ မောင်းနှင်ရန် ခွင့်ပြုထားမည် ဖြစ်သည်။
ရီချန်းမြို့နှင့် ကျန်းကျီကျဲမြို့တို့ကြား ချိတ်ဆက်ခြင်းသည် အရေးပါသည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ရီချန်း ပို့ဆောင်ရေး ဗျူရို အရာရှိ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.