Connect with us

Science & Technology

ရုပ်ထွက်မြင့်မားသည့် ပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များ လက်ခံရရှိကြောင်း တရုတ်နိုင်ငံ အတည်ပြု

တရုတ်နိုင်ငံ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုအား Long March-4B သယ်ဆောင်ရေးဒုံးပျံဖြင့် ဇူလိုင် ၃ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။ 

ဇူလိုင်  ၃ ရက်တွင် လွှတ်တင်လိုက်သော ယင်းဂြိုဟ်တုသည် မီတာဝက်ပမာဏ အဆင့်အထိ ရုပ်ထွက်ရရှိသည့် အဝေးထိန်းစနစ်ပါဝင်သော အရပ်ဘက်သုံး ဂြိုဟ်တုဖြစ်သည်။ CAS လက်အောက်ရှိ အာကာသ သတင်းအချက်လက် သုတေသနတက္ကသိုလ်အဆိုအရ တရုတ်နိုင်ငံ၏ အဝေးထိန်းစနစ်ဂြိုဟ်တု မြေပြင်စခန်းသည် ပေကျင်းမြို့ Miyun ခရိုင်တွင် ဇူလိုင် ၃ ရက်က ပထမဆုံး အဆက်အသွယ်ရရှိခဲ့ပြီး ဂြိုဟ်တုမှပေးပို့သော အချက်အလက်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကက်ရှ်ဂါမြို့နှင့် ဟိုင်နန်ပြည်နယ် ဆန်းရာမြို့ရှိ မြေပြင်စန်းများအပြင် တရုတ် အဝေးထိန်းစနစ်ဂြိုဟ်တု မြောက်ဝင်ရိုးစွန်းစခန်းမှလည်း အဆိုပါ ဂြိုဟ်တုမှ အချက်အလက်များ လက်ခံရရှိမှုကို အတည်ပြုခဲ့ကြသည်။ 

ဇူလိုင် ၆ ရက်အထိ အဝေးထိန်းစနစ်ဂြိုဟ်တု မြေပြင်စခန်းများမှာ အချက် ၁,၀၁၂ GB လက်ခံရရှိခဲ့ပြီး အချက်အလက်ပေးပို့မှုလုပ်ငန်းမှာ ပုံမှန်ဖြစ်ကြောင်း သိရသည်။ ၎င်းဂြိုဟ်တုသည် မြေတိုင်းခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ သဘာဝအရင်းအမြစ်များ၊ အရေးပေါ် စီမံခန့်ခွဲမှု၊ လယ်ယာစိုက်ပျိုးရေး၊ ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၊ လူနေအိမ်တည်ဆောက်ရေးနှင့် သစ်တောလုပ်ငန်း စသည်တို့အပါအဝင် စက်မှုလုပ်ငန်းများစွာအတွက် အနုစိတ် အဝေးထိန်းစနစ်ပုံရိပ်အချက်အလက်များကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.