Science & Technology
တရုတ် သိပ္ပံ ပညာရှင်များသည် အသည်းအတွင်းရှိ အခန်းငယ်များကို 3D Printer အသုံးပြုဖန်တီး

ဟန်ကျိုး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ် သိပ္ပံ ပညာရှင် အသင်းသည် အထူးပြုလုပ်ထားသည့် 3D Printer ကို အသုံးပြု၍ အသည်းအတွင်းရှိ အခန်းငယ်လေးများကို ဖန်တီးနိုင်ခဲ့ပြီး ၎င်းတို့ကို အသုံးပြု၍ နောက်ဆုံးတွင် အသည်းပုံပွား တစ်ခုလုံးကို ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လူသားတို့၏ အသည်းပတ်လည်တွင် သန်းပေါင်းများစွာ ပါရှိသည့် အခန်းငယ်လေးများကို ဟန်ကျိုး အီလက်ထရောနစ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်ရှိ အဖွဲ့တစ်ခုမှ ပုံစံ ရေးဆွဲထားသည့် Regenovo 3D Bio-printer ကို အသုံးပြု၍ ပုံနှိပ် ဖန်တီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ 3D Bio-printer သည်အခြား printer များထက် ဆေးပညာပိုင်း ဆိုင်ရာကို အထူး အသားပေးထားပြီး စက်မှု လုပ်ငန်းများအတွက်ပါ ရည်ရွယ်ကြောင်း အဖွဲ့ခေါင်းဆောင် ရွှီမင်အန်း မှ ပြောကြားခဲ့သည်။ (Xinhua)