Science & Technology
၂၀၁၇ ခုနှစ် Fortune Global Forum သို့ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် တက်ရောက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီး ဝမ်းယန်သည် Fortune Global Forum ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီဇင်ဘာလ ၄ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်အတွင်း ဝမ်းသည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး၊ ပါပူအာနယူးဂါနီ ဝန်ကြီးချုပ် ပီတာအိုနီးလ် တို့နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း Geng က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် Fortune Global Forum အား တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)