Science & Technology
အာကာသထဲ သွားရောက်သောကြွက်လေးများ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ၊ တရုတ်အာကာသစခန်းမှ နဝမအသုတ် အာကာသသိပ္ပံစမ်းသပ်မှု နမူနာများ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်အာကာသစခန်းမှ နဝမအသုတ် အာကာသသိပ္ပံစမ်းသပ်မှု နမူနာများသည် ရှန်ကျိုး-၂၁ အာကာသယာဉ်နှင့်အတူ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာကြောင်း သတင်းထောက်က တရုတ်သိပ္ပံအကယ်ဒမီမှ သိရှိရသည်။ယခုအကြိမ်ဆင်းသက်မှုနှင့်အတူ ပြန်လည်ရောက်ရှိလာသော သိပ္ပံစမ်းသပ်နမူနာများတွင် ဇီဝ စမ်းသပ်နမူနာ ၉ မျိုး၊ ပစ္စည်း စမ်းသပ်နမူနာ ၃၂ မျိုးနှင့် လောင်ကျွမ်းခြင်း စမ်းသပ်နမူနာ ၃ မျိုးအပါအဝင် စမ်းသပ်စီမံကိန်း ၂၆ ခု ပါဝင်ပြီး စုစုပေါင်းအလေးချိန်မှာ ၄၆.၆၇ ကီလိုဂရမ်ခန့်ရှိကြောင်း သိရသည်။
ယင်းအနက် ကြွက်လေး စမ်းသပ်နမူနာများ မြေပြင်သို့ ဆင်းသက်လာပြီးနောက် သိပ္ပံသုတေသနဝန်ထမ်းများသည် ယင်းနေရာတွင်ပင် ချက်ချင်း စီမံမှုများလုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ကြွက်လေးများ၏ အပြုအမူကို စောင့်ကြည့်လေ့လာခြင်းနှင့် ၎င်းတို့၏ ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ အဓိက အညွှန်းကိန်းများကို စမ်းသပ်ခြင်းဖြင့် ကြွက်လေးများက အာကာသပတ်ဝန်းကျင်အပေါ် ဖိစီးမှုတုံ့ပြန်မှုနှင့် လိုက်လျောညီထွေစေရန် ပြောင်းလဲမှုများကို ကနဦး ခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်ကာ အာကာသပတ်ဝန်းကျင်က သက်ရှိကိုယ်ထည်အပေါ် သက်ရောက်မှုအား တစ်ဆင့်တိုး နားလည်သိရှိနိုင်ရန် သိပ္ပံနည်းကျအထောက်အထားများ ပံ့ပိုးပေးခဲ့သည်။
အစမ်းသပ်ခံ ကြွက်လေးများအပြင် အခြားသော သက်ရှိအမျိုးအစား သိပ္ပံစမ်းသပ်မှုနမူနာများဖြစ်သည့် မြင်းကျားငါး၊ Coontail ရေမျောပင်၊ စထရပ်တိုမီစီစ် ဘက်တီးရီးယား၊ တာဘယ်လာရီယာ သံပြားကောင်၊ ဦးနှောက်ပုံတူပြုအင်္ဂါ စသည်တို့နှင့် ပစ္စည်းသိပ္ပံစမ်းသပ်မှု၊ လောင်ကျွမ်းခြင်းသိပ္ပံစမ်းသပ်မှု နမူနာအချို့သည် နိုဝင်ဘာလ ၁၅ ရက် ညသန်းခေါင်ယံ ၀ နာရီ ၄၀ မိနစ်တွင် ပေကျင်းမြို့ရှိ တရုတ်သိပ္ပံအကယ်ဒမီ၏ အာကာသအသုံးချမှု အင်ဂျင်နီယာနှင့် နည်းပညာစင်တာသို့ ပို့ဆောင်ရောက်ရှိခဲ့သည်။
အာကာသအသုံးချမှုစနစ်၏ အလုံးစုံယူနစ်အနေဖြင့် တရုတ်သိပ္ပံအကယ်ဒမီ၏ အာကာသအသုံးချမှုစင်တာသည် ပြန်လည်ရောက်ရှိလာသော စမ်းသပ်မှုနမူနာများ၏ အခြေအနေကို စစ်ဆေးတည်ပြုပြီးနောက် နောက်ဆက်တွဲ သုတေသနပြုလုပ်ရန် သိပ္ပံပညာရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အခြားကျန်ရှိသော ပစ္စည်းသိပ္ပံစမ်းသပ်မှု၊ လောင်ကျွမ်းခြင်းသိပ္ပံစမ်းသပ်မှု နမူနာများသည် ဆက်လက်၍ ရှန်ကျိုး-၂၁ အာကာသယာဉ် အပြန်ယာဉ် (return capsule) နှင့်အတူ ပေကျင်းသို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
太空鼠回来了!中国空间站第九批空间科学实验样品顺利返回
新华社北京11月15日电(记者胡喆)记者从中国科学院获悉,中国空间站第九批空间科学实验样品随神舟二十一号飞船顺利返回。本次下行返回的科学实验样品涉及26个实验项目,包括9种生命实验样品、32种材料实验样品和3种燃烧实验样品,总重量约46.67公斤。
其中,小鼠实验样品着陆后,科研人员随即开展了现场处置。他们将通过观察小鼠的行为,并检测其生理生化等关键指标,初步解析小鼠对空间环境的应激响应与适应性变化规律,为进一步理解空间环境对生命体的影响提供科学依据。
除实验小鼠之外,其他生命类科学实验样品如斑马鱼和金鱼藻、链霉菌、涡虫、脑类器官等,及部分材料类、燃烧类科学实验样品,于11月15日凌晨0时40分转运至北京的中国科学院空间应用工程与技术中心。
作为空间应用系统总体单位,中国科学院空间应用中心对返回的实验样品状态进行检查确认后,交付科学家开展后续研究。其余的材料类、燃烧类科学实验样品后续将随神舟二十一号飞船返回舱运抵北京。(完)
图说:11月14日,载着神舟二十号航天员乘组的神舟二十一号载人飞船返回舱在东风着陆场成功着陆。 新华社发(汪江波 摄
