Connect with us

Science & Technology

5G နည်းပညာဖြင့် စမတ်အဝေးထိန်း သတ္တုတူးဖော်မှုကို အထောက်အကူပြုပေး

ဖန်းကျီးဟွား(စီချွမ်း)၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Pangang Group Mining Co. Ltd. ၏ ကျူးလန်သံသတ္တုတွင်း လဟာပြင်သတ္တုတူးဖော်ရာနေရာသည် ဖန်းကန်း (Pangang) ၏ အဓိကကုန်ကြမ်း ထောက်ပံ့ပေးသော အခြေစိုက်စခန်းများအနက် တစ်ခုဖြစ်သည်။၂၀၂၁ ခုနှစ် မတ်လမှစ၍ ဖန်းကန်းသတ္တုလုပ်ငန်းနှင့် ဆက်သွယ်ရေးကုမ္ပဏီ၊ သိပ္ပံနည်းပညာအဖွဲ့တို့ လက်တွဲကာ ကျူးလန်သံသတ္တုတွင်းတွင် “5G အဝေးထိန်း သတ္တုတူးဖော်မှု” စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ပြီး သတ္တုတူးဖော်ရေးစက်ပစ္စည်းများကို စမတ်အသွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ ဖန်းကန်း (Pangang) သတ္တုလုပ်ငန်း ကျူးလန်သံသတ္တုတွင်း လဟာပြင်သတ္တုတူးဖော်ရာနေရာတွင် မောင်းသူမဲ့ အလိုအလျောက် မောင်းနှင်သော သတ္တုတူးဖော်ရေးယာဉ်များ၊ မောင်းသူမဲ့လျှပ်စစ်ဂေါ်နှင့် 5G မောင်းသူမဲ့ တူးဖော်ရေးယာဉ်တို့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်နေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ထမ်းများက ထိန်းချုပ်ရေးခန်းမအတွင်း သတ္တုတူးဖော်မှုကို 5G အင်တာနက်ဖြင့် အဝေးမှ ထိန်းချုပ်လုပ်ဆောင်နိုင်ရာ ယင်းက ကျူးလန်သံသတ္တုတွင်း၏ လုပ်ငန်းဆောင်ရွက်မှုပုံစံကို ပြောင်းလဲပေးခဲ့ပြီး သတ္တုတွင်းလုပ်ငန်းလုပ်ဆောင်ရာ ပတ်ဝန်းကျင်ကို ကြီးမားစွာ ကောင်းမွန်စေခဲ့သလို ထုတ်လုပ်မှုစွမ်းဆောင်ရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ (Reposted from Xinhua)
#စမတ်အဝေးထိန်းသတ္တုတူးဖော်မှု #တရုတ် #သိပ္ပံနည်းပညာ #ကျူးလန်သံသတ္တုတွင်း…………………………………
(Chinese Version)
5G技术助力智能远程采矿
新华社照片,攀枝花(四川),2025年7月10日
攀钢集团矿业有限公司朱兰铁矿露天矿采场是攀钢主要的原料供应基地之一。2021年3月以来,攀钢矿业与通信公司、科技团队联手,在朱兰铁矿开展“5G远程采矿”项目,对矿山机械进行智能化改造。工作人员坐在操控大厅里,即可通过5G网络远程操控采矿。这改变了朱兰铁矿的采矿作业模式,极大地改善了矿山作业环境,生产效率也得到明显提高。
图说1:7月9日,在位于攀枝花的攀钢集团矿业有限公司朱兰铁矿分公司5G操控大厅里,矿工们坐在智控座舱中,通过5G网络远程操控着矿山机械采矿。 新华社记者 江宏景 摄
图说2:7月9日,在攀钢矿业朱兰铁矿露天矿采场,无人自动驾驶矿车、无人电铲和5G无人钻机在协调作业。新华社记者 江宏景 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.