Connect with us

Science & Technology

ထိုင်းနိုင်ငံ အာကာသလုပ်ငန်းပြပွဲက တရုတ်-ထိုင်း အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးကို အားဖြည့်ပေး

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ရိုက်ကူးထားသော ရုပ်ပုံတွင် ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ အာကာသယာဉ်မှူး ဝမ်ကျယ် အာကာသစခန်း ပူးတွဲအပိုင်းပြင်ပ၌ လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ အာကာသလုပ်ငန်းပြပွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ တရုတ်-ထိုင်း အာကာသကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် ပြပွဲ၏ ထူးခြားချက်များအနက် တစ်ခုဖြစ်ခဲ့သည်။ယခုအကြိမ်ပြပွဲကို ထိုင်းနိုင်ငံ ဘူမိအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (GISTDA) မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အဆိုပါအေဂျင်စီ အမှုဆောင်ဒါရိုက်တာ Pakorn Apaphant က အာကာသလုပ်ငန်းပြပွဲသည် ထိုင်းနိုင်ငံက နိုင်ငံတကာ အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးသည့် အရေးကြီးပလက်ဖောင်း ဖြစ်လာပြီဖြစ်ကြောင်း၊ ကမ္ဘာ့အဓိက အာကာသနိုင်ငံများ၏ ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများအား မိတ်ဆက်ပေးခြင်းဖြင့် ထိုင်းနိုင်ငံ အာကာသလုပ်ငန်းက စီးပွားရေး၊ မူဝါဒနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲကာလအတွင်း ကျင်းပသည့် တရုတ်-ထိုင်း အဝေးထိန်းအာရုံခံ ဂြိုဟ်တု လက်တွေ့အသုံးပြုမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာ ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီနှင့် တရုတ်နိုင်ငံ အင်ဂျင်နီယာ အကယ်ဒမီမှ ပညာရှင်၊ ဝူဟန့်တက္ကသိုလ် ပါမောက္ခ လီတယ်ယန်က အထူးဖိတ်ခေါ်ထားသည့် ဧည့်သည်တော်အနေဖြင့် အစီရင်ခံစာထုတ်ပြန်၍ တရုတ်နိုင်ငံက High Throughput ဆက်သွယ်ရေးဂြိုဟ်တု၊ အလင်းပညာနှင့် ရေဒါအဝေးထိန်းအာရုံခံဂြိုဟ်တု၊ Beidou နေရာသတ်မှတ်မှု စသည့် ကဏ္ဍများများ၌ တိုးတက်မှုများကို စနစ်တကျ မိတ်ဆက်ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားဖြစ်အာကာသလုပ်ငန်းကဏ္ဍသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများက မြို့ပြစီမံခန့်ခွဲမှု၊ မြေမျက်နှာပြင် စောင့်ကြည့်တိုင်းတာမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးမှု စသည့်ကဏ္ဍများ၌ လက်တွေ့အသုံးပြုမှုရလဒ်သည် ထိုင်းနိုင်ငံ စသည့်နိုင်ငံများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးစွမ်းရည်များကို အားဖြည့်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားဖြစ် အာကာသလုပ်ငန်းကုမ္ပဏီ GalaxySpace သည် ထိုင်းနိုင်ငံ အာကာသလုပ်ငန်းပြပွဲ၌ အမြဲပါဝင်သည့် ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ နိုင်ငံတကာလုပ်ငန်း တိုးချဲ့ရေး အထွေထွေမန်နေဂျာ ဟွမ်ဟယ်ဖိန်က တရုတ်နိုင်ငံ အာကာသလုပ်ငန်းကုမ္ပဏီနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်လိုသည့် ထိုင်းနိုင်ငံ ဖောက်သည်များ ပိုမိုများပြားလာကြောင်း၊ အထူးသဖြင့် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဂြိုဟ်တုအင်တာနက်ကဏ္ဍ၌ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် GalaxySpace နှင့် ထိုင်းနိုင်ငံ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီ Truth ကော်ပိုရေးရှင်းတို့သည် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ဂြိုဟ်တုအင်တာနက် စီမံကိန်းအား ပူးတွဲဖော်ဆောင်ခဲ့သည်။

အဆိုပါပြပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ပြသသည့် JT Space ကုမ္ပဏီ ဥက္ကဋ္ဌ ချန်ကျန့်ရုံက ထိုင်းနိုင်ငံသည် ၎င်းတို့ကုမ္ပဏီက အရှေ့တောင်အာရှဈေးကွက် ချဲ့ထွင်ရန် အရေးကြီးစမှတ်ဖြစ်ကြောင်း၊ ယခုအကြိမ်ပြပွဲမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးပြီး တရုတ်နိုင်ငံ၏ စီးပွားဖြစ်ဂြိုဟ်တုများဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘူမိအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (GISTDA) ဒုတိယ အမှုဆောင်ဒါရိုက်တာ Phee Choosri က ထိုင်း-တရုတ်နှစ်နိုင်ငံသည် အာကာသကဏ္ဍ၌ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ အနာဂတ်တွင် နှစ်ဖက်က စမတ်အဝေးထိန်းအာရုံခံမှု၊ ဂြိုဟ်တုတည်ဆောက်မှုနှင့် လူတော်လူချွန် ပျိုးထောင်မှု စသည့်ကဏ္ဍများ၌ ဆက်လက်နက်ရှိုင်းစွာ ပူးပေါင်း‌ဆောင်ရွက်သွားပြီး အာကာသလုပ်ငန်း အတူတကွဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ယခုအကြိမ်ပြပွဲတွင် တစ်ကမ္ဘာလုံးမှ အာကာသလုပ်ငန်းကဏ္ဍ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

#Thailand #China #SpaceSectorCooperation #ထိုင်း #တရုတ် #အာကာသကဏ္ဍပူးပေါင်းဆောင်ရွက်မှု
————————————————————————————–
(Chinese Version)
泰国航天博览会助力中泰深化航天合作
新华社曼谷10月18日电(记者夏康静 常天童)2025泰国航天博览会16日至18日在曼谷举行,中泰航天交流合作是展会亮点之一。
本届博览会由泰国地理信息学与太空技术发展局主办。该局局长巴功·阿帕潘表示,航天博览会已成为泰国推动国际航天合作的重要平台,通过引入世界主要航天国家的先进技术与经验,助力泰国航天产业在经济、政策和创新等方面发展。
博览会期间,中国科学院院士、中国工程院院士、武汉大学教授李德仁作为特邀嘉宾,在以中泰遥感卫星应用领域合作为主题的研讨会上发表报告,系统介绍中国在高通量通信卫星、光学与雷达遥感卫星、北斗定位等领域的进展。他说,过去十年来,中国商业航天发展迅速,相关企业在城市管理、地表监测、灾害预警等方面的应用成果,正在助力泰国等国家提升防灾减灾能力。
中国商业航天企业银河航天是泰国航天博览会的常客。公司国际业务拓展总经理黄和平表示,越来越多泰国客户希望与中国航天企业深化合作,特别是在卫星通信服务和卫星互联网领域。今年2月,银河航天与泰国电信运营商真实公司签署合作备忘录,联合推进卫星互联网项目。
首次参展的北京钧天航宇技术有限公司董事长常正勇表示,泰国是公司开拓东南亚市场的重要起点,希望通过此次展会推动与泰国及东南亚地区的合作,让中国商业卫星更好地服务地区发展需求。
泰国地理信息学与太空技术发展局副局长菲·楚西在接受记者采访时说,泰中两国在航天领域的合作已持续多年。未来,双方将继续在智能化遥感、卫星工程及人才培养等方面深化合作,推动区域航天事业共同发展。
本届博览会吸引了来自全球100多家航天领域企业和机构参展。(完)
图说:这是9月25日晚在北京航天飞行控制中心屏幕上拍摄的神舟二十号乘组航天员王杰在空间站组合体舱外作业的画面。新华社记者 李明刚 摄