Connect with us

Science & Technology

ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများ ပေကျင်းသို့ရောက်ရှိ

တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဥ်ဆင်းသက်စခန်း၌ ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရှန်ကျိုး-၂၁ အာကာသယာဥ်၏ ကမ္ဘာမြေသို့အပြန်ယာဉ်မှ ထွက်လာသည့် အဖွဲ့ဝင်သုံးဦးပါ ရှန်ကျိုး-၂၀ အာကာသယာဥ်မှူးအဖွဲ့၏ အာကာသယာဥ်မှူးချုပ် Chen Dong ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများအဖွဲ့သည် ၎င်းတို့၏ အာကာသစခန်းမစ်ရှင်တာဝန်များ ပြီးဆုံး အောင် လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက်က လေယာဥ်ဖြင့် ပေကျင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ် ကြောင်း သိရသည်။အာကာသယာဉ်မှူးသုံးဦးဖြစ်သည့် ချန်တုန်း ၊ ချန်ကျုံးရွှေ့နှင့် ဝမ်ကျယ်တို့သည် ရှန်ကျိုး-၂၁ အာကာသယာဉ်ပေါ်တွင်လိုက်ပါလျက် နိုဝင်ဘာ ၁၄ ရက်က ကမ္ဘာမြေပေါ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။


ရှန်ကျိုး-၂၁ ကမ္ဘာမြေသို့အပြန်ယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်းအာကာသယာဥ်ဆင်းသက်ရေးနေရာသို့ ပေကျင်းစံတော်ချိန် ညနေ ၄နာရီ ၄၀ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်နိုင်ခဲ့သလို အာကာသယာဥ်မှူး သုံးဦးစလုံးကလည်း ၎င်းတို့ကို ပြန်လည်သယ်ဆောင်လာသည့် အာကာသယာဥ်အခန်းမှ ညနေ ၅ နာရီ ၂၁ မိနစ်အချိန်တွင် စိတ်လှုပ်ရှားစွာ ထွက်လာခဲ့ကြကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA)၏ ထုတ်ပြန်မှုအရ သိရသည်။

ကမ္ဘာပတ်လမ်းကြောင်းတွင် ၂၀၄ ရက်ကြာနေခဲ့ရပြီးနောက် အာကာသယာဉ်မှူးသုံးဦးစလုံး၏ ကျန်းမာရေးကောင်းမွန်ကြောင်း၊ ကမ္ဘာမြေသို့ပြန်လာရေးမစ်ရှင်လည်း အောင်မြင်ခဲ့ကြောင်း CMSA မှ ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် အာကာသယာဥ်မှူးများသည် ကာလတစ်ခုအထိ ဆေးဘက်ဆိုင်ရာအရ သီးသန့်ခွဲကာ နေထိုင်ရမည်ဖြစ်ပြီး ဘက်ပေါင်းစုံမှ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများနှင့် ကျန်းမာရေးအကဲဖြတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းကာလပြီးဆုံးပြီးနောက် ပေကျင်းမြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း CMSA မှ ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)
——————————-
(English Version)
Shenzhou-20 astronauts arrive in Beijing
BEIJING, Nov. 15 (Xinhua)
The Shenzhou-20 crew arrived in Beijing by plane on Friday after completing their space station mission.
The three astronauts, Chen Dong, Chen Zhongrui and Wang Jie, landed safely on Earth aboard the Shenzhou-21 spacecraft on Friday. The Shenzhou-21 return capsule touched down at 4:40 p.m. (Beijing Time) at the တုန်းဖုန်း landing site in north China’s Inner Mongolia Autonomous Region, and the crew had all exited the return capsule by 5:21 p.m., according to the China Manned Space Agency (CMSA).
After staying in orbit for 204 days, the three astronauts are all in good health, and the return mission was a success, the CMSA said.
The crew will now enter a period of medical quarantine, and undergo comprehensive medical examinations and health evaluations, the agency said, noting that they will meet with press in Beijing following the end of this period. ■
Photo-1:
Astronaut Chen Dong, commander of the three-member Shenzhou-20 crew, is out of the Shenzhou-21 spaceship’s return capsule after it touched down on Earth at the တုန်းဖုန်း landing site in north China’s Inner Mongolia Autonomous Region, Nov. 14, 2025. (Photo by Wang Jiangbo/Xinhua)
Photo-2:
Chen Zhongrui, a Shenzhou-20 astronaut, is out of the Shenzhou-21 spaceship’s return capsule after it touched down on Earth at the တုန်းဖုန်း landing site in north China’s Inner Mongolia Autonomous Region, Nov. 14, 2025. (Photo by Wang Jiangbo/Xinhua)
Photo-3:
Wang Jie, a Shenzhou-20 astronaut, is out of the Shenzhou-21 spaceship’s return capsule after it touched down on Earth at the တုန်းဖုန်း landing site in north China’s Inner Mongolia Autonomous Region, Nov. 14, 2025. (Photo by Wang Jiangbo/Xinhua)