Connect with us

Science & Technology

တရုတ်နိုင်ငံရှိ ဒစ်ဂျစ်တယ်သုံးစွဲသူဦးရေ ၉၅၈ သန်းကျော်ရှိ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ် တရုတ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် intelligent connected vehicle (အာရုံခံကိရိယာများ၊ ဆော့ဖ်ဝဲနှင့် အင်တာနက်ချိတ်ဆက်မှုတို့ အသုံးပြုထားသည့်ယာဉ်) ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရှိ ဒစ်ဂျစ်တယ်သုံးစွဲသူဦးရေမှာ ၉၅၈ သန်းကျော်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ၏ စုစုပေါင်းသုံးစွဲမှုတွင် ဒစ်ဂျစ်တယ်သုံးစွဲမှု၏ အခန်းကဏ္ဍ ကြီးထွားလာမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်သုံးစွဲသူအခြေခံမှာ နိုင်ငံ၏ အင်တာနက်အသုံးပြုသူများ၏ ၈၅.၃ ရာခိုင်နှုန်းရှိကြောင်း တရုတ်အင်တာနက်ကွန်ရက်သတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သော အစီရင်ခံစာတစ်ခုအရ သိရသည်။
၎င်းတို့အနက် ၁၉၉၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မွေးဖွားသော Gen Z များမှာ ဒစ်ဂျစ်တယ်သုံးစွဲသူစုစုပေါင်း၏ ၂၇.၂ ရာခိုင်နှုန်းရှိပြီး အသက် ၆၀ နှစ်နှင့်အထက်ရှိသူများက ၁၂.၂ ရာခိုင်နှုန်းရှိသည်။ ကျေးလက်ဒေသအသုံးပြုသူများကမူ ဒစ်ဂျစ်တယ်သုံးစွဲသူစုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းရှိသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများ၏ ၃၉.၁ ရာခိုင်နှုန်းက စမတ်အိမ်သုံးပစ္စည်းများ၊ ဒစ်ဂျစ်တယ်ကိရိယာပစ္စည်းများနှင့် နည်းပညာသုံး ဝတ်ဆင်နိုင်သောပစ္စည်းများ အပါအဝင် စမတ်ထုတ်ကုန်များကို ဝယ်ယူခဲ့ကြပြီး ၈.၂ ရာခိုင်နှုန်းခန့်က ဘလိုင်းဘောက်စ်များ၊ IP နှင့်ဆက်စပ်သော ရောင်းကုန်များ သို့မဟုတ် အန်နီမီဇာတ်လမ်းနောက်ခံပြု ထုတ်ကုန်များကို အွန်လိုင်းမှ ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ဒစ်ဂျစ်တယ်ယဉ်ကျေးမှုဆိုင်ရာနှင့် ဖျော်ဖြေရေးအကြောင်းအရာက စမတ်ဟာ့ဒ်ဝဲ (smart hardware) ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပေါင်းစပ်သုံးစွဲမှုကို မောင်းနှင်ရန် ကူညီပေးနေကြောင်းလည်း ယင်းအစီအရင်ခံစာက မီးမောင်းထိုးပြလျက်ရှိသည်။ လူနေမှုပုံစံဝန်ဆောင်မှုများတွင် ဇွန်လအထိ သုံးစွဲသူ ၂၂၃ သန်းကျော်က အလုပ်ကိစ္စများ၊ အိမ်တွင်းဝန်ဆောင်မှုများနှင့် အိမ်တွင်းပြုပြင်ထိန်းသိမ်းမှုများအတွက် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………………………..
(English Version)
Number of digital consumers in China tops 958 million
BEIJING, Dec. 16 (Xinhua) — The number of digital consumers in China topped 958 million in the first half of 2025, highlighting the growing role of digital spending in the country’s overall consumption.
According to a report released by the China Internet Network Information Center, China’s digital consumer base accounts for 85.3 percent of the nation’s internet users.
Among them, Gen Z — people born between 1997 and 2012 — make up 27.2 percent of all digital consumers, while people aged 60 and older account for 12.2 percent. Rural users represent 26 percent of the total.
In the first half of the year, 39.1 percent of Chinese internet users purchased smart products, including smart home devices, digital gadgets and wearable technology. About 8.2 percent bought blind boxes, IP-related merchandise or anime-themed products online, per the report.
It highlights that digital cultural and entertainment content is helping to drive integrated spending across smart hardware, culture and tourism. In the area of lifestyle services, more than 223 million consumers had used online platforms for errands, home services or maintenance by June. ■
English Caption
An intelligent connected vehicle is pictured at the 8th Digital China Summit in Fuzhou, southeast China’s Fujian Province, April 29, 2025. (Xinhua/Lin Shanchuan)