Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Long March-8A ဒုံးပျံက အင်တာနက်ဂြိုဟ်တုအုပ်စုသစ်ကို သယ်ဆောင်လွှတ်တင်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဟိုင်နန် စီးပွားဖြစ် အာကာသယဉ်လွှတ်တင်ရေးစခန်းမှ ၁၄ ကြိမ်မြောက် ပတ်လမ်းနိမ့်အင်တာနက်ဂြိုဟ်တုအုပ်စုကို သယ်ဆောင်ထားသော Long March-8A သယ်ဆောင်ရေးဒုံးပျံထွက်ခွာပျံသန်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဝန်ချန်း၊ ဟိုင်နန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ အင်တာနက်ဂြိုဟ်တုအုပ်စုသစ်တစ်ခုပို့ဆောင်ပေးမည့် Long March-8A သယ်ဆောင်ရေးဒုံးပျံကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် ဒီဇင်ဘာ ၆ ရက်က လွှတ်တင်ခဲ့သည်ဟု သိရသည်။ဒုံးပျံကို ဟိုင်နန်စီးပွားဖြစ်အာကာသယဉ်လွှတ်တင်ရေးစခန်းမှ ညနေ ၃:၅၃ နာရီတွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒုံးပျံသည် ၁၄ ကြိမ်မြောက် ပတ်လမ်းနိမ့်အင်တာနက်ဂြိုဟ်တုအုပ်စုသစ်မှ သယ် ဆောင်လာသော ပစ္စည်းကိရိယာများကို ကြိုတင်သတ်မှတ်ထားသောပတ်လမ်းအတွင်းသို့ အောင်မြင်စွာ နေရာချထားပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ အာကာသယာဉ်လွှတ်တင်ရေးနည်းပညာအကယ်ဒမီမှ တီထွင်ထုတ်လုပ်ခဲ့သော Long March-8A ဒုံးပျံသည် ပျံတက်စဉ်အလေးချိန် ၃၇၁ တန်နှင့်အတူ ၅၀.၅ မီတာ ရှည်လျားသည်။ အဆိုပါ ဒုံးပျံသည် ကီလိုမီတာ ၇၀၀ အမြင့်တွင် နေနှင့်တစ်ပြိုင်တည်းပတ်လမ်းသို့ ကုန်ပစ္စည်းအလေးချိန် ၇ တန်အထိ သယ်ဆောင်သွားနိုင်စွမ်းရှိကြောင်း သိရသည်။

Long March-8A ဒုံးပျံကို ယခုနှစ်ဖေဖော်ဝါရီလအတွင်း၌ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုပြီးစီးခဲ့ပြီး ထို့နောက်ပိုင်းမှစ၍ အကြိမ်ရေများများ လွှတ်တင်မှုစနစ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုမစ်ရှင်မှာ Long March-8A ဒုံးပျံ၏ ပင်မတွန်းကန်အားစနစ်ကို သမားရိုးကျ ရေနံအခြေခံသည့် ဒုံးပျံ လောင်စာဆီမှ ကျောက်မီးသွေးအခြေခံသည့် ဒုံးပျံလောင်စာဆီအဖြစ်သို့ ပြောင်းလဲပေးခဲ့သည့် ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လောင်စာသစ်မှာ သဘာ၀ပတ်ဝန်းကျင်နှင့်အံဝင်လိုက်ဖက်ပြီး သိုလှောင်ရန်နှင့် သယ်ယူပို့ဆောင်ရန် လွယ်ကူသကဲ့သို့ ကုန်ကျစရိတ်လည်း ပိုမိုသက်သာသည်ဟု သိရသည်။ ၎င်း၏စွမ်းဆောင်ရည်မှာ နောက်ဆက်တွဲ အကြိမ်ရေများများလွှတ်တင်မှုမစ်ရှင်များအတွက် အစိမ်းရောင်စွမ်းအား ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်စေနိုင်သည့် ရေနံအခြေခံဒုံးပျံလောင်စာဆီအဖြစ် တည်ငြိမ်မှုရှိပြီး စိတ်ချရဆဲဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက်က လွှတ်တင်ခဲ့သည့်မစ်ရှင်မှာ Long March-8A ဒုံးပျံ၏ ၅ ကြိမ်မြောက်ပျံသန်းမှုနှင့် Long March စီးရီးဒုံးပျံများ၏ ၆၁၂ ကြိမ်မြောက် လွှတ်တင်မှုလည်းဖြစ်သည်။ (Xinhua)
————————————–
(English Version)
China’s Long March-8A rocket launches new internet satellite group
WENCHANG, Hainan, Dec. 6 (Xinhua)
China launched a Long March-8A carrier rocket on Saturday in the southern island province of Hainan, sending a group of internet satellites into space.
The rocket lifted off at 3:53 p.m. from the Hainan commercial spacecraft launch site. It successfully placed the payloads, the 14th group of low-orbit internet satellites, into preset orbit.

Developed by the China Academy of Launch Vehicle Technology, the Long March-8A rocket is 50.5 meters long with a takeoff weight of 371 tonnes. It is capable of carrying up to 7 tonnes to a sun-synchronous orbit at an altitude of 700 km.
The rocket completed its maiden flight in February this year and has since entered a high-density launch mode.
This mission marks the first time the Long March-8 series rocket has switched its primary propellant from conventional petroleum-based rocket kerosene to coal-based rocket kerosene.
The new fuel is environmentally friendly, easy to store and transport, and more cost-effective. Its performance remains stable and reliable as petroleum-based rocket kerosene, which can establish a “green power” foundation for subsequent high-frequency launch missions.
Saturday’s mission is also the fifth flight of the Long March-8A rocket and the 612th launch of the Long March series of rockets. ■
Photo-1,2,3:
A Long March-8A carrier rocket carrying the 14th group of low-orbit internet satellites blasts off from the Hainan commercial spacecraft launch site in south China’s Hainan Province, Dec. 6, 2025. (Xinhua/Guo Cheng)