Science & Technology
တရုတ်နိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ကမ္ဘာ့ဒုတိယအကြီးမားဆုံးလုပ်ငန်းဖြစ်လာ

ပေကျင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှာ လက်ရှိအချိန်တွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ သုတေသနပြု တီထွင်ထုတ်လုပ်လျက်ရှိသော ခေတ်မီဆန်းသစ်သည့် ဆေးဝါးပမာဏ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦး၏ ဩဂုတ် ၂၂ ရက်၌ ပြောကြားမှုအရ သိရသည်။တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ် စီမံကိန်းကာလ(၂၀၂၁- ၂၀၂၅) အတွင်း ကလေးအထူးပြုဆေးဝါး ၃၈၇ မျိုး နှင့် ဖြစ်တောင့်ဖြစ်ခဲသောရောဂါများအတွက် ဆေးဝါး ၁၄၇ မျိုးအား ထုတ်လုပ်နိုင်ခဲ့ပြီး စျေးကွက်အတွင်း ဖြန့်ချိရောင်းချရန် အတည်ပြုပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသားဆေးဝါးထုတ်လုပ်မှု စီမံခန့်ခွဲရေးဌာန ဒုတိယအကြီးအကဲ Yang Sheng က နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွင်း ထုတ်လုပ်သည့် ဆေးဝါးများ ဘေးကင်းရေး၊ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း အဆင့်မြှင့်တင်ရေး၊ အများပြည်သူလိုအပ်သည့် ဆေးဝါးများအား လုံလောက်စွာ ထုတ်လုပ် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ချက်များအား Yang က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
————————–
(English Version)
China’s pharmaceutical industry now 2nd largest globally: official
BEIJING, Aug. 22 (Xinhua) — China’s pharmaceutical industry is now the second largest in the world, while accounting for about 30 percent of the global total in terms of innovative drugs currently in the development and research process, a health official said Friday.
The country has approved the marketing of 387 pediatric drugs and 147 drugs for rare diseases since the start of the 14th Five-Year Plan period (2021-2025), said Yang Sheng, deputy head of the National Medical Products Administration, at a press conference held by the State Council Information Office.
Yang highlighted China’s comprehensive measures to ensure drug safety, promote the pharmaceutical industry’s development, and meet public medication needs during the 14th Five-Year Plan period.
Photo:
A staff member works at a workshop of a pharmaceutical company in Zhangshu, east China’s Jiangxi Province, July 8, 2025. (Xinhua/Wan Xiang)