Connect with us

Science & Technology

သင်္ဘောပျက်မှ ကယ်တင်ထားသော ဖိလစ်ပိုင်သင်္ဘောသား ၁၇ ဦးကို ဖိလစ်ပိုင်ထံ တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေး

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဟွမ်ရန်သောင်ကျွန်းအနီး သင်္ဘောပျက်တစ်စင်းပေါ်မှ ကယ်တင်ထားသော ဖိလစ်ပိုင်သင်္ဘောသား ၁၇ ဦးကို ဖိလစ်ပိုင်နိုင်ငံထံ ဇန်နဝါရီ ၂၅ ရက်၌ တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။ဇန်နဝါရီ ၂၃ ရက်က စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုန်တင်သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်နိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးပြုလျက်ရှိရာ ဟွမ်ရန်သောင်ကျွန်းအနီးတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ကယ်တင်ခံခဲ့ရသော သင်္ဘောသား ၁၇ ဦးအနက် နှစ်ဦးမှာ ကွယ်လွန်သွားပြီ ဖြစ်သည်။ အခြားသူလေးဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟွမ်ရန်သောင်ကျွန်းရှိ ပိုင်နက်ရေပြင်တွင် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ပြီးနောက် ကယ်တင်ထားသည့် ဖိလစ်ပိုင်သင်္ဘောသားတစ်ဦးကို ဆေးကုသပေးနေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – China Coast Guard/Handout via Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟွမ်ရန်သောင်ကျွန်းရှိ ပိုင်နက်ရေပြင်တွင် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ပြီးနောက် ကယ်တယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကယ်ဆယ်နေစဉ် (ဓာတ်ပုံ – China Coast Guard/Handout via Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟွမ်ရန်သောင်ကျွန်းရှိ ပိုင်နက်ရေပြင်တွင် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ပြီးနောက် ကယ်တယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကယ်ဆယ်နေစဉ် (ဓာတ်ပုံ – China Coast Guard/Handout via Xinhua)

ဖိလစ်ပိုင်ဘက်ခြမ်းမှ မေတ္တာရပ်ခံချက်အရ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က အခင်းဖြစ်ပွားနေရာ ရေပြင်၌ပင် ကယ်တင်ထားသော သင်္ဘောသားများကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ထံ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၂:၄၃ နာရီ၌ အောင်မြင်စွာ လွှဲပြောင်းခဲ့သည်။သင်္ဘောပျက်စီးခဲ့ပြီးနောက် CCG က ဘေးဒုက္ခရောက်နေသော သင်္ဘောသားများအတွက် လူသားချင်းစာနာမှု ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေယာဉ်များ ချက်ချင်းစေလွှတ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဆက်စပ်တပ်ဖွဲ့များကို စုစည်းရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China hands over 17 Filipino sailors from shipwreck to Philippines
BEIJING, Jan. 25 (Xinhua) — China on Sunday handed over 17 Filipino sailors it rescued from a shipwreck near Huangyan Dao to the Philippines.
On Friday, a Singapore-registered cargo ship en route from the Philippines to China had lost contact near Huangyan Dao. Two of the 17 rescued sailors were confirmed dead. Four others remain missing.
At the request of the Philippine side, the China Coast Guard (CCG) at 2:43 p.m. Sunday successfully handed over the rescued personnel to the Philippine Coast Guard in the waters where the incident occurred.
Following the shipwreck, the CCG immediately dispatched vessels to carry out humanitarian rescue operations for the distressed crew and will continue to mobilize relevant forces for search and rescue efforts.
Photo 1: Members of the China Coast Guard rescue a Filipino crew member after a foreign cargo ship capsized in the territorial waters of south China’s Huangyan Dao, Jan. 23, 2026. (China Coast Guard/Handout via Xinhua)
Photo 2: A rescued Filipino crew member is treated by a China Coast Guard member after a foreign cargo ship capsized in the territorial waters of south China’s Huangyan Dao, on Jan. 23, 2026. (China Coast Guard/Handout via Xinhua)
Photo 3, 4: This photo taken on Jan. 23, 2026 shows the scene of a rescue carried out by the China Coast Guard after a foreign cargo ship capsized in the territorial waters of south China’s Huangyan Dao. (China Coast Guard/Handout via Xinhua)