Science & Technology
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများ အာကာသမှပြန်ရောက်လာပြီးနောက် မီဒီယာနှင့် တွေ့ဆုံ
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၀ လူလိုက်ပါသောအာကာသမစ်ရှင်၏ အာကာသယာဉ်မှူး သုံးဦးတို့သည် နိုဝင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် အများပြည်သူရှေ့ ထွက်ပေါ်မှုအနေဖြင့် ပေကျင်းမြို့၌ ဇန်နဝါရီ ၁၆ ရက်က သတင်းမီဒီယာနှင့် တွေ့ဆုံခဲ့သည်။ချန်တုန်း၊ ချန်ကျုံးရွှေ့နှင့် ဝမ်ကျယ်တို့သည် ရှန်ကျိုး-၂၀ အာကာသယာဉ်၏ မူလ ကမ္ဘာမြေသို့အပြန်ယာဉ်ငယ်၏ ပြတင်းပေါက် အက်ကွဲမှုများအား မည်သို့တွေ့ရှိခဲ့ပုံကို ပြန်လည်အောက်မေ့လျက် ပြောကြားခဲ့သလို အာကာသအတွင်း ၎င်းတို့ နေထိုင်ခဲ့ပုံကိုလည်း အသေးစိတ် မျှဝေပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဧပြီလက လွှတ်တင်လိုက်သော ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြန်လာရန် မူလကစီစဉ်ထားခြင်းဖြစ်သည်။ အပြန်ခရီးစဉ် စစ်ဆေးမှုအတွင်း အာကာသယာဉ်မှူးများက ရှုခင်းကြည့်ပြတင်းပေါက် အပြင်ဘက်ဆုံးအလွှာ၌ တြိဂံပုံသဏ္ဌာန်အက်ကွဲကြောင်းများကို သတိပြုမိခဲ့သည်။ ၎င်းတို့က ချက်ချင်းပင် ယင်းအက်ကွဲကြောင်းများကို ဓာတ်ပုံများရိုက်ကူးကာ အချက်အလက်များအား ကမ္ဘာမြေသို့ ပေးပို့ခဲ့သည်။

အကဲဖြတ်ခြင်းလုပ်ငန်းတွင် မြေပြင်ပေါ်ရှိ အဖွဲ့များအား အထောက်အကူဖြစ်စေရန် ၎င်းတို့သည် အာကာသစခန်းတွင် ရောက်ရှိနေသော ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများနှင့်အတူတကွ အသေးစိတ်လေ့လာမှုများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။“အက်ကွဲကြောင်းတွေက ဖန်သားရဲ့ အပြင်ဘက်ဆုံးအလွှာပေါ်မှာရှိနေပြီး ဖန်သားအထဲကိုဖောက်ဝင်လိမ့်မယ်လို့ ကျွန်တော်က အစပိုင်းမှာ အကဲဖြတ်ခဲ့တာ။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဘေးကင်းကင်းနဲ့နေထိုင်ရတဲ့အပေါ် ဘာသက်ရောက်မှုမှ မဖြစ်စေပါဘူး” ဟု အာကာသယာဉ်မှူးများက မည်ကဲ့သို့သော ကြိုတင်မမျှော်မှန်းထားသည့် ချို့ယွင်းမှုမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မြေပြင်အဖွဲ့နှင့် ၎င်းတို့ကိုယ်တိုင်အပေါ် ယုံကြည်မှုရှိကြောင်းလည်း ချန်တုန်းက အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260117/871a445c187440e4b7d80cf8f1da71bc/c.html
#China #Shenzhou_20 #Astronauts #တရုတ် #ရှန်ကျိုး_၂၀ #အာကာသယာဉ်မှူးများ
———————–
(English Version)
Shenzhou-20 astronauts meet press after returning from space
BEIJING, Jan. 16 (Xinhua) — The three astronauts from China’s Shenzhou-20 crewed mission met the press in Beijing on Friday, their first public appearance after returning to Earth in November.
Chen Dong, Chen Zhongrui and Wang Jie recounted how they found the cracks on the window of their original return vessel, the Shenzhou-20 spaceship, and shared insights from their extended stay in space.
The Shenzhou-20 crew, launched in April 2025, was initially scheduled to return on Nov. 5, 2025. During the pre-return checks, the crew noticed the triangular-shaped cracks on the outermost layer of a viewport window. They promptly documented it with photos and transmitted the data to the ground.
Together with the Shenzhou-21 crew, who were also aboard the space station, they conducted detailed observations and discussions to assist ground teams in assessment.
“I initially judged that the cracks were on the outermost layer of glass and had penetrated it, but would not affect the safety of our in-orbit stay,” Chen Dong said, assuring that the crew had faith in both the ground team and themselves to handle any unexpected malfunctions.
https://english.news.cn/20260117/871a445c187440e4b7d80cf8f1da71bc/c.html
Photo 1, 2: The three astronauts Chen Dong (C), Chen Zhongrui (R) and Wang Jie from China’s Shenzhou-20 crewed mission salute during a press conference in Beijing, capital of China, Jan. 16, 2026. (Xinhua/Li Minggang)
Photo 3: Astronaut Chen Dong (C) from China’s Shenzhou-20 crewed mission speaks during a press conference in Beijing, capital of China, Jan. 16, 2026. (Xinhua/Li Minggang)
Photo 4: Astronaut Chen Dong from China’s Shenzhou-20 crewed mission speaks during a press conference in Beijing, capital of China, Jan. 16, 2026. (Xinhua/Li Minggang)
