ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ရှီချန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou-3 တည်နေရာပြဂြိုဟ်တုသစ် ၂လုံး အား ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ တစ်စင်းတည်းဖြင့် စက်တင်ဘာ ၁၉ ရက်ညနေပိုင်းတွင် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးကျားကျွမ်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှိ ခရိုင်တစ်ခု တွင် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်း အစုအဝေး တစ်ခုကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တီအန်ဂျင်း၊သြဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်ကျင်းမြို့(Tianjin) ကိုပြေးဆွဲပေးနေသည့် ကျည်ဆံရထားမြန်နှုန်းအား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ အမြင့်ဆုံး မြန်နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးခဲ့ရာ မြို့နှစ်မြို့အကြား ရထားပြေးဆွဲမှုကြာချိန်ကို ၅ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုင်ယွမ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် Gaofen-11 အမည်ရှိ ဂြိုဟ်တုတစ်လုံးအား ဇူလိုင် ၃၁ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
စီချန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် Beidou တည်နေရာပြဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3A ဒုံးပျံဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဇူလိုင် ၁၀ ရက် နံနက် ၄း၅၈နာရီတွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ကျူချွမ်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များအား သုတေသနပြုလုပ်ရေး နှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးတို့အတွက် အဓိကထားအသုံးပြုမည့် Gaofen-6 အမည်ရှိ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား မေ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
တိုင်ယွန်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။