ပေကျင်း ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်သည် “ကမာ္ဘ့အိမ်သာနေ့” ဖြစ်ပြီး ယခုနှစ်တွင် “ မည်သူမျှနောက်ကျ ကျန်ရစ်မနေရ” ဟူသော ဆောင်ပုဒ်ဖြင့် ကမာ္ဘအိမ်သာနေ့ အထိမ်းအမှတ်ကို ကျင်းပခဲ့ကြောင်း သိရသည်။
ကျူးချွမ်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျူးချွမ်း ဂြိုဟ်တုလွှင်တင်ရေးစင်တာမှ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုနှစ်ခုကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကွမ်းကျိုး ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသစခန်းတစ်ခုကို အလုံးစုံပြီးမြောက်အောင် တည်ဆောက်နေပြီး လာမည့် ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၏ ပုံစံထုတ်လုပ်မှုရေးမှူးချုပ် Zhou Jianping က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းတုံးပြည်နယ်၌ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော China Mobile က လက်ရှိအချိန်ထိ အသုံးပြုနေသော 5G အခြေစိုက်စခန်း ၅၀,၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ယန်ကျဲ့က ပြောကြားလိုက်သည်။
ရှန်ကျန်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ဒရုန်း(Drone) ထုတ်လုပ်ရေးကုမ္ပဏီ DJI က တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့(Shenzhen) ၌ နိုဝင်ဘာ ၅ ရက်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းယာဉ်ငယ်အသစ် တစ်မျိုးကို ထုတ်ဖော် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရှန်ဟိုင်းမြို့လေဆိပ်တွင် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ရှန်ကျန်း ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဧရာမ နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေး(Huawei) သည် ၂၀၁၉ ခုနှစ် အတွင်း အောက်တိုဘာ ၂၂ ရက်အထိ ၁၀ လ နီးပါးကာလ၌ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၂၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကြောင်း...
ကွမ်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားအဖြစ်သတ်မှတ်ခံရသည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားဖွင့်လှစ်ပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည့်အောက်တိုဘာလ ၂၃ ရကအထိ ခရီးသည်ပေါင်း ၁၄သန်း၊ မော်တော်ယာဉ်ပေါင်း ၁ဒသမ၅ သန်း ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ဖွင့်လှစ်ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ရက်ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ထုန်ရှန်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ဘက် ကျဲ့ကျန်းပြည်နယ် ဝူကျန့်မြို့တွင် အောက်တိုဘာ ၁၈ ရက်၌ ကျင်းပသည့် Light of Internet ပြပွဲ တွင် 5G နည်းပညာသုံး Augmented reality (AR) ပုံရိပ်ရောင် အဝေးထိန်းလှိုင်းအားစမ်းသပ် ပြသခဲ့သည်။ ...