နန်ကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းဒေသစူးစမ်းလေ့လာရေး သင်္ဘောကြီးကို မတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် ဟိုင်မန်(Haimen) ၌ ရေချ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေးဂြိုဟ်တုသစ် တစ်စင်းအား မတ် ၁၀ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ် တွင် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးချေမှုများ သည် ၅၈၃ သန်းအထိရှိလာပြီး ၂၀၁၇ ခုနှစ် ထက် ၁၀.၇ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း တရုတ်အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာ (CNNIC) ၏ အစီရင်ခံစာအရ...
ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးသော ငွေကုန်ကြေးကျများပြီး အဆင့်မြင့်နည်းပညာပါဝင်သည့် သိပ္ပံဇာတ်ကား “The Wandering Earth” က တရုတ် ရုပ်ရှင်ချစ်သူတွေအတွက် ခေတ်သစ်တစ်ခုဖွင့်လှစ်လိုက်လေသလားဟူ၍ မျှော်လင့်ချက်များ မြင့်တက်လာစေခဲ့သည်။
ချုံချင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မော်တော်ယာဉ် ထုတ်လုပ်သောလုပ်ငန်းတစ်ခုမှ 5G မိုဘိုင်းကွန်ရက် အကူအညီဖြင့် အလိုအလျောက်မောင်းနှင်သော ဘတ်စ်ကားတစ်စီးအား ချုံချင်းမြို့၌ စမ်းသပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အား ချိတ်ဆက်ရန် ၂၀၁၉ခုနှစ်တွင်း သီးခြားစီလွှတ်တင်မှု ၇ခုဖြင့် ဂြိုဟ်တု ၁၀ခုကို လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ဇန်နဝါရီ ၂၉...
ချုံချင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ Chang’e-4 အာကာသယာဉ် ဖြင့် လကမ္ဘာပေါ်သို့ သယ်ဆောင်သွားသော ဝါဂွမ်းစေ့ သည် ပထမဆုံးအဖြစ် လကမ္ဘာပေါ်တွင် အပင်ပေါက်လာကြောင်း အသေးစား ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှု အဖွဲ့တစ်ခုမှ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံး ဆင်းသက်ခြင်းဖြစ်သော Chang’e-4 ဂြိုဟ်တု ၏ အောင်မြင်စွာဆင်းသက်နိုင်မှုကို ဇန်နဝါရီ ၁၁ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ရှီးချန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်းရှိ ရှီးချန်း ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Zhongxing-2D ဂြိုဟ်တုကို Long March-3B ဒုံးပျံဖြင့် သယ်ဆောင်လာကာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ၁၁ မိနစ်တွင် အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။