ပေကျင်း ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ စက်တင်ဘာလအကုန်တွင် 4G အင်တာနက်ကွန်ရက်အသုံးပြုသူ စုစုပေါင်း သန်း၉၅၀ ရှိကြောင်း စီးပွားရေးလုပ်ငန်း နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဋ္ဌာန (MIIT) က အောက်တိုဘာ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှထုတ်လုပ်သော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အသုံးပြု ဓါတ်ရထားတစ်စီးအား နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထောင်စန်းမြို့တွင် အောက်တိုဘာ ၂၆ ရက်က စီးပွားဖြစ်စတင်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကြီးမားသည့် ခရီးသည်တင်လေယာဉ် C919 သည် ဒုတိယအကြိမ်မြောက် စမ်းသပ် ပျံသန်းမှုအဖြစ် စက်တင်ဘာလ ၂၈ ရက်က ၂ နာရီနှင့် ၄၆ မိနစ်ကြာ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားများကို စက်တင်ဘာ ၂၁ ရက် တွင် စတင်ပိုင်ဆိုင်လာခဲ့ပြီး ၎င်း၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။
ချန်ဒူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ဥမင်လိုဏ်ခေါင်း၌ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် စက်တင်ဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ယနေ့(စက်တင်ဘာလ ၂ဝ ရက်)တွင် မောင်းသူမဲ့ မြေအောက်ရထား၊ သံလိုက်ဆွဲအားသုံးမြေအောက်ရထား နှင့် ဓာတ်ရထား အပါအဝင် ရထားလမ်းပိုင်း ၃ ခုကို အောင်မြင်စွာ စမ်းသပ်မောင်းနှင် နိုင်ခဲ့ကြောင်း ၊ အဆိုပါ ရထားလမ်းပိုင်းအားလုံးသည် မြို့တော်ပေကျင်း၏...
ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးကုန်တင်အာကာသယာဉ် Tianzhou-1 သည် Tiangong-2 အာကာသစခန်း နှင့် အလိုအလျောက် အမြန်ချိတ်ဆက်မှုကို စက်တင်ဘာ ၁၂ ရက် ည ၁၁း၅၈နာရီတွင် ပြည့်စုံစွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
တီယန်ကျင်း ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ၄ ကြိမ်မြောက် တရုတ် နိုင်ငံတကာရဟတ်ယာဉ်ပြပွဲ(4th China International Helicopter Expo )ကို တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ စက်တင်ဘာလ ၁၄ ရက် မှ ၁၇ ရက်ထိ ၄ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...
ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။