Science & Technology
Sunway-TaihuLight က Tianhe-2 ကိုဖြတ်ကျော်ပြီး ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ ဖြစ်လာ
နန်ကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စူပါကွန်ပြူတာ စနစ်သစ် Sunway- TaihuLight အား ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာအဖြစ် ဂျာမနီတွင် ပြုလုပ်သည့် နိုင်ငံတကာ စူပါကွန်ပြူတာ ညီလာခံက အမည် ပေးအပ်ခဲ့သည်။
အဆိုပါ မျိုးဆက်သစ် စူပါ ကွန်ပြူတာ စနစ်အား တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ဝူရှီမြို့ရှိ အမျိုးသား စူပါ ကွန်ပြူတာ စင်တာ၌ တပ်ဆင်ထားကြောင်း ဇွန်လ ၂၀ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်း ကွန်ပြူတာသည် စွမ်းဆောင်ရည် တစ်စက္ကန့်လျှင် ၁၂၅.၄၃၆ petaflops (PFlops) ရှိပြီး အမြင့်ဆုံး စွမ်းဆောင်ရည် အဖြစ် တစ်စက္ကန့်လျှင် quadrillions တွက်ချက်ပေးနိုင်မည် ဖြစ်သည်။ ယခင် အမြင့်ဆုံးအဖြစ် သတ်မှတ်ထားသည့် Tianhe-2 တွင် စွမ်းဆောင်ရည် ၃၃.၈၆ PFlops ရှိပြီး ၂၀၁၃ ခုနှစ် ဇွန်လ မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထိ ကမ္ဘာ့ အမြန်ဆုံး စူပါကွန်ပြူတာ ၅၀၀ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။
လက်ရှိ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ စနစ်အဖြစ် သတ်မှတ်ခံရသည့် Sunway-TaihuLight အား တရုတ်နိုင်ငံက ထုတ်လုပ်ခြင်း ဖြစ်ပြီး ၂၅ စတုရန်း စင်တီမီတာရှိ စီပီယူ ချိ(ပ်)ပေါင်းများစွာ ပါဝင်ကြောင်း သိရသည်။ (Xinhua)