Connect with us

Social, Education & Health

တရုတ်နိုင်ငံဟူပေပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၁၇ ဦးရှိ

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ယာယီဆေးရုံတစ်ခုတွင် လုပ်ကိုင်နေကြသော ဆေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊မတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်မှုဖြစ်ပွားရာ ဟူပေပြည်နယ်တွင် မတ် ၉ ရက်က ရောဂါဖြစ်ပွားသူအသစ် ၁၇ ဦး နှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

လူနာသစ် အားလုံးမှာ ရောဂါအဓိကဖြစ်ပွားရာ ဝူဟန့်မြို့မှ ဖြစ်ကြောင်း နှင့် လက်ရှိအချိန်ထိ ဟူပေပြည်နယ်တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၇,၇၆၀ ဦးရှိပြီး သေဆုံးသူ ၃,၀၂၄ ဦးရှိကြောင်း သိရသည်။ဝူဟန့်မြို့၌ မတ် ၉ ရက်တွင် သေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး ယင်းမြို့၌ လက်ရှိအချိန်ထိ အတည်ပြုလူနာ စုစုပေါင်း ၄၉,၉၆၅ ဦး နှင့် သေဆုံးသူ ၂,၄၀၄ ဦးရှိခဲ့သည်။ 

ဟူပေပြည်နယ်၌ မတ် ၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရသည့် လူနာပေါင်း ၁,၁၅၂ ဦးရှိပြီး လက်ရှိအချိန်အထိ ပြည်နယ်အတွင်းရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသည့် လူနာအရေအတွက်စုစုပေါင်း ၄၇,၅၈၅ ဦးရှိပြီဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။ဆေးရုံတက်ရောက်ကုသမှုခံယူနေသောလူနာပေါင်း ၁၄,၉၅၇ ဦးအနက် ၃,၈၅၅ ဦးမှာ ရောဂါပြင်းထန်မှုအခြေအနေတွင် ဆက်လက်ရှိနေကြောင်း နှင့် အခြား ၈၄၆ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.