Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် WHO သို့ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်Bruce Aylward အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

COVID-19 ရောဂါသည်ကမာ္ဘ့နေရာများစွာသို့ ကူးစက်ပျံ့နှံ့နေကြောင်း Geng က အသိပေးပြောကြားခဲ့ပြီး ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာ တိုး၍ ချက်ချင်းလိုအပ်လာနေကြောင်း ဆိုသည်။တရုတ်နိုင်ငံ၏ ထောက်ပံ့လှူဒါန်းမှုက WHO အနေဖြင့် ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာ၌ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတစ်ခု ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးရန် ရည်ရွယ်ကြောင်း ၊ အထူးသဖြင့် အရွယ်အစားသေးငယ်သော နိုင်ငံများ နှင့် အရွယ်အစား အလယ်အလတ်ရှိသော နိုင်ငံများတွင် ကောင်းမွန်သော ပြည်သူ့ကျန်းမာရေးကျန်းစနစ်တစ်ခု တည်ဆောက်ခြင်းနှင့်အတူ ၎င်းတို့၏ ကူးစက်ရောဂါကာကွယ်ရေးစွမ်းဆောင်ရည်အား မြှင့်တင်သွားရန်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါတိုက်ဖျက်ရေး၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာထောက်ခံအားပေးခြင်း နှင့် ပါဝင်ဆောင်ရွက်သွားခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသတွင်း လုံခြုံမှုထိန်းသိမ်းရေး နှင့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးလုံခြုံရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Geng က ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် WHO သို့ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းရန် ဆုံးဖြတ်ထားကြောင်းကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် တာဝန်ထမ်းဆောင်နေသော တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Chen Xu နှင့် WHO အဖွဲ့ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus တို့ မတ် ၇ ရက်တွင်ပြုလုပ်သည့် ပူးတွဲအစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။(Xinhua)