Connect with us

Social, Education & Health

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော နှာခေါင်းစည်း ဝတ်ဆင်နည်းအသေးစိတ်

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ နှာခေါင်းစည်းထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်အတွင်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical mask) ကို မည်သည့်အချိန်တွင် ဝတ်ဆင်ရန်နှင့် မည်သို့ အသုံးပြုရမည်ဆိုသည်ကို အောက်ပါအတိုင်း အကြံပြုလမ်းညွှန်ထားသည်။ 

သင်သည် ကျန်းမာနေသူဖြစ်ပါက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သံသယရှိသူကို စောင့်ရှောက်နေရသူသာလျှင် နှာခေါင်းစည်းဝတ်ဆင်ရန် လိုအပ်ပါသည်။

ဂရိနိုင်ငံ Lesvos ကျွန်းရှိ မော်ရီယာဒုက္ခသည်စခန်းတွင် အမျိုးသားတစ်ဦး ဆပ်ပြာအသုံးပြုကာ လက်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သင်သည် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း ခံစားနေရပါက နှာခေါင်းစည်းဝတ်ဆင်ရမည်။ 

နှာခေါင်းစည်းဝတ်ဆင်ခြင်းသည် လက်ကို အရက်ပြန်အခြေခံထုတ်လုပ်ထားသော လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းခြင်း သို့မဟုတ် ဆပ်ပြာနှင့်ရေဖြင့် မကြာခဏ ဆေးကြောခြင်းစသည်တို့နှင့်အတူ ပေါင်းစပ်အသုံးပြုမှသာ ထိရောက်မှုရှိမည် ဖြစ်သည်။

အကယ်၍ သင်သည် နှာခေါင်းစည်းတစ်ခုဝတ်ဆင်တော့မည်ဆိုပါက အသုံးပြုပုံနှင့် စွန့်ပစ်ပုံကို သိရှိထားရပေမည်။

နှာခေါင်းစည်းမဝတ်ဆင်မီ လက်များကို အရက်ပြန်အခြေခံထုတ်လုပ်ထားသော လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းခြင်း သို့မဟုတ် ဆပ်ပြာနှင့်ရေဖြင့် သန့်စင်အောင်ဆေးကြောရမည်။

နှာခေါင်းစည်းသည် ဝတ်ဆင်သူ၏ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်နေရမည်ဖြစ်ပြီး သင်၏ မျက်နှာနှင့် နှာခေါင်းစည်းအကြား အကြားအလပ်မရှိစေရပါ။

နှာခေါင်းစည်းဝတ်ဆင်ထားစဉ် နှာခေါင်းစည်းအား ထိကိုင်ခြင်းမပြုရ။ အကယ်၍ နှာခေါင်းစည်းအား ထိကိုင်မိပါက လက်များကို အရက်ပြန်အခြေခံထုတ်လုပ်ထားသော လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းခြင်း သို့မဟုတ် ဆပ်ပြာနှင့်ရေဖြင့် သန့်စင်အောင်ဆေးကြောရမည်။

နှာခေါင်းစည်း စိုထိုင်းလာပါက အသစ်တစ်ခုဖြင့် ချက်ချင်း အစားထိုးအသုံးပြုရမည်ဖြစ်ပြီး တစ်ခါအသုံးပြုပြီးသား နှာခေါင်းစည်းကို ပြန်လည်အသုံးပြုခြင်း မလုပ်ရပါ။

အသုံးပြုပြီးသား နှာခေါင်းစည်းအား စွန့်ပစ်နည်း

မျက်နှာပေါ်မှ နှာခေါင်းစည်းကို ဖယ်ရှားတော့မည်ဆိုပါက နှာခေါင်းစည်း၏ အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်၍ဖယ်ရှားရမည်။ (နှာခေါင်းစည်း၏ ရှေ့ဘက်ကို လုံးဝ ထိကိုင်ခြင်းမပြုရ) အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စွန့်ပစ်ရမည်။ ပြီးလျှင် လက်များကို အရက်ပြန်အခြေခံထုတ်လုပ်ထားသော လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းခြင်း သို့မဟုတ် ဆပ်ပြာနှင့်ရေဖြင့် သန့်စင်အောင်ဆေးကြောရမည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.