Connect with us

Social, Education & Health

တစ်ကိုယ်ကောင်းဝါဒ စိတ်ထားက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါထက် ပို၍ ဆိုးဝါးနေ

ဝူဟန့် ကျင်းရင်ထန်ဆေးရုံတွင် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ကိုရိုနာ အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံက ဘက်စုံတွန်းလှန်တိုက်ဖျက်နေချိန်တွင် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က ရောဂါဖြစ်ပွားမှုသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အမေရိကန်သို့ ပြန်လာရန် အထောက်အပံ့အခွင့်အလမ်းဖြစ်သည်ဟု ဆိုလိုက်သည်။ အဆိုပါစကားရပ်သည် သွေးအေးအေးနှင့်ယုတ္တိကင်းမဲ့လွန်းလှသည့် စကားပင် ဖြစ်သည်။

တစ်ဦးတစ်ယောက် အခက်အခဲကြုံတွေ့ချိန်တွင် အားလုံးကဘက်ပေါင်းစုံကူညီရမည်မှာ လောကနိယာမတရားဖြစ်သည်။ ရောဂါဖြစ်ပွားပြီးနောက်တွင် တရုတ်နိုင်ငံအစိုးရသည် အများပြည်သူ၏ ကျန်းမာရေးကို အထူးတာဝန်ယူမှုအပြည့်ဖြင့် ဘက်စုံ တင်းကျပ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက်များ((International    Health   Regulations)၏ တောင်းဆိုချက်ထက်ပင် သာလွန်သည့် ဆောင်ရွက်မှုများရှိခဲ့သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် နိုင်ငံအမြောက်အမြားက အပြည့်အဝအသိအမှတ်ပြုချီးကျုးခဲ့ကြသည်။ 

Wilbur Ross၏ ပြောကြားချက်ကို ကြည့်ပါက လူသားချင်းစာနာထောက်ထားမှုမရှိသည့်အပြင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဟူသော စကားပုံအတိုင်း သူတစ်ပါးဒုက္ခရောက်နေချိန်တွင် ကိုယ်က ဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းမှာ သွေးအေးရက်စက်လွန်းလှသလို ယင်း၏တစ်ကိုယ်ကောင်းစိတ်နေစိတ်ထားအတွက်လည်း  စိတ်ပျက်စရာကောင်းလှသည်။

သို့သော်လည်း ၎င်း၏အဆိုကို ဂရုစိုက်ရန်မလိုပေ။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက အမေရိကန်ကို သွားမသွားဆိုသည်မှာ ၎င်း၏အဆိုတွင်မူတည်ခြင်း မရှိပါ။ လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျှင်မြန်စွာတိုးတက်နေရာမှ အရည်အသွေးမြင့် ဖွံဖြိုးတိုးတက်ရေးကို လျှောက်လှမ်းနေရာ တရုတ်နိုင်ငံ၏ ကြီးမားသည့် ဈေးကွက်အလားအလာနှင့် ဆန်းသစ် တီထွင်မှုတို့သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ကမ္ဘာတစ်ဝှမ်း လုပ်ငန်းများ၏ ဆွဲဆောင်မှုပင် ဖြစ်သည်။ 

တရုတ်နိုင်ငံအနေဖြင့် ပြည်ပတံခါးဖွင့်မှုကို ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သလို တံခါးဖွင့်ပေးသည့် တရုတ်နိုင်ငံကလည်း နိုင်ငံအသီးသီးအတွက် ဈေးကွက်အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတိုးပွားစေမည်ဖြစ်ရာ အတူ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ကြမည် ဖြစ်သည် ။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပတ်ဝန်းကျင်အဆင့် တွင် ယခု နှစ်နှစ်အတွင်း ဆက်တိုက် တိုးတက်လျက်ရှိရာ ဈေးကွက်စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ စီးပွားရေး ပတ်ဝန်းကျင် တည်ဆောက်မှုကို ရပ်နားမည်မဟုတ်ဘဲ ၊ အရှိန်မြှင့်တင်၍သာ ဆောင်ရွက်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်စွာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများသည် ပြောင်းလဲမည်မဟုတ်ပေ။ တရုတ်နိုင်ငံအနေဖြင့်  ရောဂါဖြစ်ပွားမှုကို အောင်မြင်စွာ ကာကွယ်ထိန်းချုပ်တိုက်ဖျက်မည့်ယုံကြည်ချက်နှင့်စွမ်းရည် အပြည့်အဝရှိရာ လူအချို့၏ အဓိပ္ပါယ်မဲ့ဆိုစကားများက အလိုအလျှောက်လေထဲလွင့်ပျောက်ဆုံးသွားမည်သာဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.