Connect with us

Social, Education & Health

တရုတ်နိုင်ငံက ယူဂန္ဓာနိုင်ငံ သို့ ဆေးရုံသုံးကုတင် အလုံး ၇၀၀၀ ကျော်လှူဒါန်း

ယူဂန္ဓာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်ရာလိ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ပါလာ၊ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၆သန်းခန့်တန်ဖိုးရှိသည့် ဆေးရုံသုံးကုတင် အလုံး ၇၀၀၀ကျော်နှင့် မွေ့ယာ များအား ယူဂန္ဓာနိုင်ငံ သို့ လှူဒါန်းခဲ့ကြောင်း ယူဂန္ဓာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြား ခဲ့သည်။

ယူဂန္ဓာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်ရာလိ က လှူဒါန်းမှုများသည် ယူဂန္ဓာနိုင်ငံ အနှံ့ ရှိ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံ များဆီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူဂန္ဓာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အဓိကကျသည့် ဆေးရုံတစ်ရုံစီသည် မွေ့ယာ ကုတင် ၁၀၀ခန့်ရရှိမည်ဖြစ်ပြီး ခရိုင်အဆင့် ဆေးရုံတစ်ရုံစီသည် မွေ့ယာ ကုတင် ၂၄ ခု ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းလှူဒါန်းမှုများကြောင့် အထွေထွေရောဂါကု ဆေးရုံကြီးများနှင့် ခရိုင်အဆင့်ရှိသည့် ဆေးရုံများ၏ မွေ့ယာ နှင့် ကုတင်လိုအပ်ချက်များအား ယူဂန္ဓာအစိုးရအနေဖြင့် ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူဂန္ဓာနိုင်ငံ သို့ ဆေးပညာရှင်အဖွဲ့များစေလွှတ်ပေးခြင်း၊ ဆေးပညာဆိုင်ရာ စက်ကိရိယာ များ နှင့် ဆေးဝါးများကို ကာလရှည် ထောက်ပံခဲ့ကြောင်းနှင့် ကုတင် ၁၀၀ဆံ့ ဆေးရုံတစ်ရုံကို လည်း ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း လည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.