Connect with us

Social, Education & Health

မိခင်အတွက် မီးဖွားခွင့် နှင့် ဖခင်အတွက် ဇနီးသည် မီးဖွားရာတွင် စောင့်ရှောက်ခွင့်ရက်များအား တရုတ် တိုးမြှင့်

ကိုယ်ဝန်ဆောင် မိဘစုံတွဲ တစ်တွဲအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် သားသည်မိခင်များအတွက် မီးဖွားခွင့်နှင့် ဖခင်များအတွက်လည်း ဇနီးသည်မွေးဖွားသည့် အ တွက် ခွင့်ရက် ခံစားခွင့်များအား တိုးမြှင့်လိုက်ကြောင်း တရုတ် အစိုးရက မတ်လ ၂၄ ရက်က ကြေညာလိုက် သည်။

ပြီးခဲ့သောနှစ်က တစ်အိမ်ထောင် ကလေးနှစ်ဦး ယူခွင့်ပြုလိုက်သည့် တရုတ်နိုင်ငံ၏ မိသားစု စီမံကိန်း မူဝါဒ ပြောင်းလဲပြီးသည့်နောက် ယခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံ၏ လူဦးရေနှင့် မိသားစု စီမံကိန်း ဥပဒေသစ်အရ တရုတ်နိုင်ငံရှိ မိခင်များသည် ပထမကလေး သို့မဟုတ် ဒုတိယ ကလေးမွေးဖွားပြီးနောက် မီးဖွားခွင့် အနည်းဆုံး ၁၂၈ ရက် ရရှိမည် ဖြစ်ပြီး ယခင် ခွင့်ပြုထားသည် ထက် ရက်ပေါင်း ၃၀ ပိုခံစားရမည် ဖြစ်သလို ၎င်းတို့၏ အလုပ်က ခွင့်ပြုပါက မီးဖွားခွင့်အား အများဆုံး ၇ လ အထိ ထပ်တိုးရရှိနိုင်မည် ဖြစ်သည်။

ဖခင်များအတွက် ခွင့်ရက်ကိုမူ ၁၅ ရက်အထိ ရရှိမည် ဖြစ်ကြောင်း ဥပဒေ၌ ဖော်ပြထားသည်။

ယခင် အိမ်ထောင်များနှင့် ကလေး တစ်ဦးစီ အသီးသီးရှိခဲ့သည့် စုံတွဲများအနေဖြင့် နောက်ထပ် အိမ်ထောင်ပြု လျှင်လည်း ယခုဥပဒေပါအတိုင်း ခံစားခွင့်ရှိမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံတစ်ဝန်းရှိ စုံတွဲများအား ကလေးနှစ်ဦး ယူခွင့်ပြုကြောင်း တရုတ်နိုင်ငံက ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော တစ်အိမ်ထောင် ကလေး တစ်ဦးသာ ယူခွင့်မူဝါဒအား တရုတ်နိုင်ငံက ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.