Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ရောဂါကာကွယ်ရေးအတွက် မြို့ပြလေကြောင်းလုပ်ငန်းက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ

ဝူဟန့်ထျန်းဟော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ တင်ဆောင်ထားသည့် လေယာဉ်တစ်စင်းအား ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းလုပ်ငန်းသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် လုံခြုံစိတ်ချ၍ ချောမွေ့သော လေကြောင်းသယ်ယူပို့ဆောင်မှု ဖြစ်စေရန် ပြီးပြည့်စုံသည့် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်လျက်ရှိကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှု (CAAC) ၏ ပြောကြားချက်အရ သိရသည်။ 

မြို့ပြလေကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၀ ရက်မှ မတ် ၃ ရက်အထိ ကူးစက်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းအား ထောက်ပံ့ရန် အရေးပေါ် အထောက်အကူပစ္စည်း ၂၈,၂၀၀ တန် ပို့ဆောင်ရန် လေကြောင်းခရီးစဉ် ၂၁,၀၀၀ ကျော် စီစဉ်ပြေးဆွဲခဲ့ကြောင်း CAAC မှ စာရင်းများအရ သိရသည်။

မြို့ပြလေကြောင်းလုပ်ငန်းအနေဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း၊ လုပ်ငန်းလည်ပတ်ရေး လုပ်ကိုင်နေသော ဝန်ထမ်းများ၏ ကျန်းမာရေးအပေါ် အထူးအလေးထား အာရုံစိုက်ခဲ့ကြောင်း၊ လေယာဉ် သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကိုလည်း မကြာခဏ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု CAAC က ဖော်ပြထားသည်။

ဝူဟန့်မြို့တွင် အရေးပေါ် အထောက်အကူပြုပစ္စည်းများ စုစည်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော ဝူဟန့်ထျန်းဟော်လေဆိပ်အား အရေးပေါ် အထောက်အကူပြုပစ္စည်းများ ဘေးကင်းစွာ သယ်ယူပို့ဆောင်ရန် ကူးစက်ရောဂါ ကာကွယ်ရေးဆောင်ရွက်ချက်များကို အားသွန်ခွန်စိုက် လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည်။ (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.