Connect with us

Social, Education & Health

တရုတ်နိုင်ငံ အလယ်ပိုင်းပြည်နယ်ရှိ နယ်မြေများအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟဲနန်ပြည်နယ် ကွမ်ဆန်းနယ်မြေရှိ ဒေသခံများနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ နောက်ထပ် နယ်မြေ ၁၄ ခုအား နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နယ်မြေများ စာရင်းမှ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပြည်နယ်တွင်ရှိသော နယ်မြေ ၅၃ ခုလုံး ဆင်းရဲနွမ်းပါးမှုအခြေအနေမှ လွတ်မြောက်ခဲ့ပြီဟု ပြည်နယ် အစိုးရက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ကြောင့် ဟဲနန်ပြည်နယ်ရှိ ကျေးလက်နေပြည်သူ ၆ ဒသမ ၅ သန်းနှင့် ကျေးရွာ ၉,၄၈၄ ရွာသည် ဆင်းရဲနွမ်းပါးမှုကို ကျော်လွှားနိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလူဦးရေအချိုးမှာ ၂၀၁၃ ခုနှစ်တွင် ၈ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.