Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာပျောက်ကင်းသွားသူ အရေအတွက်က ရောဂါကူးစက်မှုအသစ်ဖြစ်ပွားသူထက် ၁၀ ရက်ဆက်တိုက်ပိုများ

တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံတွင် COVID-19 ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူနှင့် ဆေးရုံဝန်ထမ်းများ နှုတ်ဆက်နေကြသည်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၇ ရက်တစ်ရက်ထဲတွင် ပြန်လည်နေကောင်းလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူအရေအတွက်မှာ ၃,၆၂၂ ဦးရှိပြီး ရောဂါကူးစက်မှုအသစ်ဖြစ်ကြောင်း အတည်ပြုထားသည့် အရေအတွက်မှာ ၃၂၇ ဦးသာရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံတွင် COVID-19 ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူနှင့် ဆေးရုံဝန်ထမ်းများ နှုတ်ဆက်နေကြသည်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ဖေဖော်ဝါရီ ၂၇ ရက်အထိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၆,၁၁၇ ဦး ရှိကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

ထို့ပြင် ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်မြို့ နှစ်ခုလုံးတွင်လည်း ဖေဖော်ဝါရီ ၂၇ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျောက်ကင်းသွားသူ အသစ် အရေအတွက်မှာ ရောဂါကူးစက်ခံရသူအသစ် အရေအတွက်ထက် ပိုမိုများပြားကြောင်း စာရင်းများအရ သိရသည်။  (Xinhua)