Connect with us

Social, Education & Health

တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများအတွက် ချေးငွေ ယွမ် ၁၀၀ ဘီလီယံ ခွင့်ပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် Anji ခရိုင် ကျန်းဝူမြို့နယ်ရှိ သက်ကြီးရွယ်အိုစုံတွဲကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မူဝါဒဘဏ်များအနက် တစ်ခုဖြစ်သော တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (China Development Bank) က လာမည့်ငါးနှစ်တာအတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများအတွက် ချေးငွေ ယွမ် ၁၀၀ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ) ခွင့်ပြုရန်လျာထားကြောင်း သိရသည်။

အဆိုပါ ချေးငွေကို မြို့ပေါင်း ၃၀၀ တွင် သက်ကြီးရွယ်အိုလူဦးရေကို ကိုင်တွယ်ဖြေရှင်းရန် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဝန်ဆောင်မှု၌ ဦးဆောင်ထောက်ပံ့မှုများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ၃၀၀ ကို ပံ့ပိုးရာတွင် အသုံးပြုသွားမည် ဖြစ်သည်။

ဩဂုတ်လကုန်ပိုင်းတွင် ဘဏ်အနေဖြင့် ပြည်နယ်အဆင့်ဒေသ ၃၀ ရှိ ချေးငွေရယူမှု အစီအစဉ် ၃၉၆ ခုအတွက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ထောက်ပံ့ရန် စုစုပေါင်း ချေးငွေ ယွမ် ၃၈ ဒသမ ၆ ဘီလီယံ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ငွေထုတ်ချေးပေးသည့် ဘဏ်အနေဖြင့် ယင်းကဲ့သို့ အစီအစဉ်များကို ငွေကြေးအကူအညီ ပံ့ပိုးပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.