Connect with us

Social, Education & Health

ပေကျင်း၌ စေတနာ့ဝန်ထမ်း ဆောင်ရွက်သူ ၃ သန်းကျော် ရှိလာ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စေတနာ့ ဝန်ထမ်းများက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ကူညီနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ပေကျင်းတွင် မှတ်ပုံတင် ထားသည့် စေတနာ့ဝန်ထမ်း ဆောင်ရွက်သူပေါင်း ၃ သန်းကျော် ရှိလာကြောင်း ပေကျင်း စေတနာ့ဝန်ထမ်း အသင်း၏ ဒုတိယ ညွှန်ကြားရေးမှူး က မှ အပြည်ပြည်ဆိုင်ရာ စေတနာ့ ဝန်ထမ်း ဆောင်ရွက်သူများ ညီလာခံတွင် အောက်တိုဘာလ ၁၂ ရက် ကပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်ပွဲမှ စ၍ စေတနာ့ဝန်ထမ်းအရေအတွက်သည် ဆက်လက် တိုးတက် လာခဲ့ကြောင်း ထန်းရှဲ့ဖျင် မှပြောကြားခဲ့သည်။

သူမ က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အရေအတွက်သည် ၅၀,၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့၏ အဖွဲ့ဝင် များ သည် သက်ကြီး ရွယ်အိုများ၊ မသန်စွမ်း သူများ၊ ရွှေ့ပြောင်း လုပ်သားများ အား ကူညီ ထောက်ပံ့ ပေးခြင်းတို့အပြင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးနေကြောင်း ပြောကြားခဲ့သည်။

ပေကျင်း စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းသည် ဒေသနှင့် နိုင်ငံပေါင်း ၂၉ ခု မှ အသင်းအဖွဲ့ ၄၃ ဖွဲ့နှင့် လက်တွဲ ဆောင်ရွက် နေကြောင်းကို ထန်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် လေ့ကျင့်ရေး နှင့် စေတနာ့ ဝန်ထမ်း အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည့် အပြင် ၎င်းတို့၏ ဝန်ဆောင်မှုများကို နိုင်ငံတကာ အမြင်ချင်း ဖလှယ်မှုများ အစပျိုး လုပ်ဆောင်ခြင်းဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း သူမ က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)