Connect with us

Social, Education & Health

မကာအို ဖောင်ဒေးရှင်းက ပိုးလမ်းမကြီး ပညာသင်ဆု တည်ထောင်

မကာအို၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအို အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများတွင် ပညာသင်ကြားလိုသူများအတွက် ခေတ်သစ် ပိုးလမ်းမကြီး ပညာသင်ဆု အစီအစဉ်ကို မကာအို ဖောင်ဒေးရှင်းက တည်ထောင်လိုက်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက မေလ ၂၉ ရက်၌ ကြေညာလိုက်သည်။

မကာအို တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် မကာအိုမှ ကျောင်းသားများနှင့် တရုတ်နိုင်ငံ ကွမ်တုံ၊ ဖူကျန့်ပြည်နယ်မှ ကျောင်းသားများအနေဖြင့် ပေါ်တူဂီ၊ ဘရာဇီး၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများ၌ အဆင့်မြင့် ပညာရေး တက္ကသိုလ်များတွင် လျှောက်ထားနိုင်ကြောင်း ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများမှ ကျောင်းသားများအနေဖြင့်လည်း မကာအိုရှိ အဆင့်မြင့် ပညာရေး တက္ကသိုလ်များ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။ယင်း အစီအစဉ်အရ ငါးနှစ်တာအတွက် ပညာသင်ဆု ၁၅၀ ပေးအပ်သွားမည် ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမအသုတ်အနေဖြင့် ပညာသင်ဆု ၃၀ ပေးမည် ဖြစ်သည်။လျှောက်ထားလိုသူများအနေဖြင့် မေလ ၂၉ ရက်မှ ဇွန်လ ၁၂ ရက်အထိ လျှောက်ထားနိုင်ပြီး ပညာသင်ဆု ရရှိသူများစာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)