Connect with us

Social, Education & Health

ဥရောပမှ တင်သွင်းသော ကြက်ဥများ ဟောင်ကောင်တွင် တိုးမြှင့် စစ်ဆေး

ဟောင်ကောင် ဈေးကွက်အတွင်း ရောင်းချနေသည့် ကြက်ဥများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟောင်ကောင်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စားနပ်ရိက္ခာဘေးကင်းရေး အာဏာပိုင်က ဥရောပ နိုင်ငံများ၌ ကြက်ဥအချို့တွင် ပိုးသတ်ဆေးပါဝင်ကြောင်း တွေ့ရှိပြီးနောက် ဥရောပမှ တင်သွင်းလာသော ကြက်ဥများ စစ်ဆေးခြင်းအား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟောင်ကောင် အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူးက သြဂုတ်လ ၁၂ ရက်က ပြောကြားလိုက်သည်။

ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစားအသောက်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးဋ္ဌာန၏ စားနပ်ရိက္ခာ ဘေးကင်းရေး (CFS) စင်တာက ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အလွန် စိုးရိမ်ပူပန်လျက်ရှိကြောင်းနှင့် ပြဿနာဖြစ်ပွားနေသည့် အဆိုပါ ကြက်ဥများ ရောင်းဝယ်ရာတွင် စစ်ဆေးမှုများ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူး ဆိုဖီယာချန်းက မီဒီယာသို့ ပြောသည်။ယခုလ အစောပိုင်းက နယ်သာလန်မှ တင်သွင်းလာသည့် နမူနာ ကြက်ဥ နှစ်လုံးတွင် ပိုးသတ်ဆေး လွန်ကဲစွာ ပါဝင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် CFS က ယခုလို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ချန်းက ဆိုသည်။

ချန်း၏ အဆိုအရ ယခုကဲ့သို့ စစ်ဆေးခြင်းများအား တင်သွင်းလာသည့် ကြက်ဥများနှင့် လက်လီ ရောင်းချမှုများတွင်ပါ လုပ်ဆောင်သွားမည် ဖြစ်သည်။ တင်သွင်းလာသည့် ကြက်ဥများ စစ်ဆေးရာတွင် ပြဿနာ ဖြစ်ပွားနေသည့် နိုင်ငံများ ဥပမာ ဘယ်လ်ဂျီယံ၊ ဟော်လန်နှင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် ကြက်ဥများအားလုံးကို ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။ကြက်ဥ တင်သွင်းမှုများအား တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမည် ဖြစ်ပြီး ကျန်းမာရေး အသိအမှတ်ပြု လက်မှတ် ပါရှိမှသာ ဟောင်ကောင်သို့ ကြက်ဥ တင်သွင်းခွင့်ရမည် ဖြစ်သည်။ပြဿနာဖြစ်ပွားနေသည့် ကြက်ဥများ ဝင်ရောက်မှု ကြိုတင်ကာကွယ်ရေး ဆွေးနွေးရန်အတွက် ကြက်ဥ လက်လီ၊ လက်ကား ရောင်းဝယ်သူများအား CFS က ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ (Xinhua)